၃ ဓမ္မရာဇဝင် 18:15 - Myanmar Common Language Zawgyi Version15 ဧလိယက``ငါသည်ယနေ့မင်းကြီး၏ရှေ့တော် သို့ဝင်မည်ဖြစ်ကြောင်း ငါကိုးကွယ်သောအနန္တ တန်ခိုးရှင်ထာဝရဘုရားကိုတိုင်တည်၍ ကတိပြုပါ၏'' ဟုဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်15 ထိုအခါ ဧလိယက “ငါကိုးကွယ်သောကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ယနေ့ အာဟပ်မင်းကြီးနှင့် ငါအမှန်ပင်တွေ့မည်”ဟု သူ့အား ပြန်ပြော၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version15 ဧလိယကလည်း၊ ငါကိုးကွယ်သော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ ငါသည် ယနေ့အာဟပ်မင်းအား ကိုယ်ကိုအမှန်ပြမည်ဟု ဆိုပြန်သော်၊ အခန်းကိုကြည့်ပါ။ |
ဂိလဒ်ပြည်တိရှဘိမြို့သားဧလိယဆိုသူ ပရောဖက်က အာဟပ်မင်းအား``မိုးရွာမည်ဟု ငါမပြောမချင်းလာမည့်နှစ်နှစ်သုံးနှစ်တွင် မိုးခေါင်လိမ့်မည်။ ဆီးနှင်းလည်းကျလိမ့်မည် မဟုတ်ကြောင်း ငါကိုးကွယ်၍အသက်ရှင်တော် မူသောဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍သင့် အားငါဆို၏'' ဟုဆင့်ဆိုလေသည်။-
မင်းကြီးသည်အရှင့်အားကမ္ဘာပေါ်ရှိနိုင်ငံတကာ တွင်ရှာဖွေစေကြောင်းကို အသက်ရှင်တော်မူသော ထာဝရဘုရားတည်းဟူသောအရှင်၏ဘုရားသခင်ကိုတိုင်တည်၍အကျွန်ုပ်ကျိန်ဆိုပါ၏။ ဤ မည်သောနိုင်ငံတွင်ဧလိယမရှိပါဟုဆိုသော မင်းအား မင်းကြီးကအကယ်ပင်ရှာ၍မတွေ့ ကြောင်းကိုသစ္စာဆိုစေပါ၏။-