၃ ဓမ္မရာဇဝင် 13:32 - Myanmar Common Language Zawgyi Version32 ဗေသလမြို့ရှိယဇ်ပလ္လင်နှင့် ပတ်သက်၍လည်း ကောင်း၊ ရှမာရိမြို့များရှိဝတ်ပြုကိုးကွယ်ရာ ဌာနများနှင့်ပတ်သက်၍လည်းကောင်း၊ ထာဝရ ဘုရားအမိန့်တော်အရထိုသူပြန်ကြားသည့် စကား မှန်သမျှသည်မုချအကောင်အထည် ပေါ်လာလိမ့်မည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်32 ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version32 ဗေသလမြို့ ယဇ်ပလ္လင်တစ်ဖက် ရှမာရိမြို့ရွာတွင်၊ မြင့်သောအရပ်ပေါ်မှာ ဆောက်သော အိမ်များတစ်ဖက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ကြွေးကြော်သောစကားသည် စင်စစ်ပြည့်စုံလိမ့်မည်ဟု မှာထားလေ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏အမိန့်တော်အတိုင်းပရော ဖက်က``အို ယဇ်ပလ္လင်၊ ယဇ်ပလ္လင်၊ ထာဝရဘုရား က`ယောရှိနာမည်တွင်မည့်သူငယ်သည်ဒါဝိဒ် ၏သားချင်းစုတွင်ဖွားမြင်လိမ့်မည်။ ပူဇော် သကာများကိုသင်၏အပေါ်တွင်တင်လှူကာ မိစ္ဆာယဇ်ပလ္လင်များတွင်အမှုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အား သူသည်သင့်အပေါ် မှာတင်၍ယဇ်ပူဇော်လိမ့်မည်။ လူရိုးတို့ကို လည်းတင်၍မီးရှို့လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။-
သို့ရာတွင်ရှမာရိပြည်တွင်လာရောက်နေထိုင် ကြသူတို့သည် မိမိတို့သက်ဆိုင်ရာရုပ်တုများ ကိုပြုမြဲပြုလုပ်၍ ဣသရေလအမျိုးသား တို့တည်ဆောက်ခဲ့သည့်တန်ဆောင်းများတွင်ထား ရှိကြ၏။ ထိုသူတို့သည် အုပ်စုအလိုက်သက် ဆိုင်ရာရုပ်တုများကိုမိမိတို့နေထိုင်ရာ မြို့များတွင်ပြုလုပ်ကြ၏။-