၃ ဓမ္မရာဇဝင် 12:20 - Myanmar Common Language Zawgyi Version20 ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည် မှယေရောဗောင်ပြန်လည်ရောက်ရှိလာသည့် သတင်းကိုကြားသောအခါ သူ့အားလူထု အစည်းအဝေးသို့ဖိတ်ခေါ်ကာ ဣသရေလ ဘုရင်အဖြစ်မင်းမြှောက်ကြကုန်၏။ ယုဒ အနွယ်သာလျှင်ဒါဝိဒ်၏သားမြေးတို့ အပေါ်တွင်သစ္စာစောင့်ကြလေသည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်20 ယေရောဗောင်ပြန်ရောက်လာပြီဖြစ်ကြောင်းကို အစ္စရေးလူမျိုးတစ်မျိုးလုံး ကြားသိလျှင် လူလွှတ်၍ သူ့ကို လူထုရှေ့သို့ခေါ်လာစေပြီး အစ္စရေးလူမျိုးအပေါင်းတို့ကို အုပ်ချုပ်ရန် မင်းမြှောက်လိုက်လေ၏။ ယုဒအမျိုးမှတစ်ပါး ဒါဝိဒ်မင်းမျိုးမင်းနွယ်နောက်သို့လိုက်သောသူမရှိ။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version20 ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြားသောအခါ၊ လူကိုစေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာပရိသတ်ထံသို့ ခေါ်ပြီးလျှင်၊ ဣသရေလအမျိုးကိုအုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှတစ်ပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကပ်။ အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်ကိုယုဒပြည်မှထာဝရ ဘုရားခွဲထုတ်တော်မူလိုက်သောအခါ ဣသ ရေလအမျိုးသားတို့သည်နေဗတ်၏သား ယေရောဗောင်ကိုမင်းမြှောက်ကြ၏။ သူတို့အား ယေရောဗောင်သည်ထာဝရဘုရားကိုစွန့်စေ ရန်လည်းကောင်း၊ ကြောက်မက်ဖွယ်ကောင်းသည့် အပြစ်ဒုစရိုက်များကိုကူးလွန်စေရန် လည်းကောင်းရှေ့ဆောင်လမ်းပြခဲ့၏။-