၃ ဓမ္မရာဇဝင် 1:38 - Myanmar Common Language Zawgyi Version38 ထို့ကြောင့်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့်ဘုရင့် ကိုယ်ရံတော်တပ်သားတို့သည်ရှောလမုန်အား ဒါဝိဒ်မင်း၏မြည်းတော်ကိုစီးစေလျက် ဂိဟုန်စမ်းသို့ပို့ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်38 ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သား ဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့သည် ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏လားပေါ်တင်၍ ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version38 ထိုအခါ ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒသားဗေနာယ၊ ခေရသိလူ၊ ပေလသိလူတို့သည်ထွက်၍ ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏ မြင်းလားပေါ်မှာစီးစေလျက် ဂိဟုန်မြို့သို့ ဆောင်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
အို ဖိလိတ္တိလူတို့၊ ပင်လယ်ကမ်းခြေတွင်နေ ထိုင်သူခေရသိအမျိုးသားတို့၊ သင်တို့ သည်အမင်္ဂလာရှိကြ၏။ ထာဝရဘုရား သည်သင်တို့အားအပြစ်ဒဏ်စီရင်ချမှတ် တော်မူလေပြီ။ ကိုယ်တော်သည်သင်တို့ကို သုတ်သင်ဖျက်ဆီးတော်မူမည်ဖြစ်၍ သင် တို့တစ်ဦးတစ်ယောက်မျှကျန်ရှိရလိမ့် မည်မဟုတ်။-
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။