Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၃ ဓမ္မ​ရာဇဝင် 1:17 - Myanmar Common Language Zawgyi Version

17 ဗာ​သ​ရှေ​ဘ​က``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​မ​၏​သား​ရှော​လ​မုန်​အား​အ​ရှင့်​အ​ရိုက် ရာ​ကို​ဆက်​ခံ​၍ နန်း​တင်​ရ​မည်​ဟု​အ​ရှင်​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

17 ဗာသရှေဘ​က “​အကျွန်ုပ်​၏​သခင်​၊ သခင့်​ကျွန်မ​အား ‘​သင့်​သား​ရှောလမုန်​သည် ငါ့​နန်းမွေ​ကို ဆက်ခံ​ရ​မည်​။ ငါ​၏​ရာဇပလ္လင်​ပေါ်တွင် စံနေ​ရ​မည်​’​ဟု အရှင်မင်းကြီး​၏​ဘုရားသခင်​ထာဝရဘုရား​ကို အရှင်မင်းကြီး တိုင်တည်ကျိန်ဆို​ခဲ့​ပါ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

17 ဗာ​သ​ရှေ​ဘ​က​လည်း၊ ကျွန်​မ​သ​ခင်၊ ကိုယ်​တော်​က သင်၏​သား​ရှော​လ​မုန်​သည် ငါ့​အ​ရာ၌​စိုး​စံ၍ နန်း​ထိုင်​ရ​မည်​ဟု ကိုယ်​တော်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်၍ ကိုယ်​တော်​ကျွန်​မ​အား​ကျိန်​ဆို​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ဓမ္မ​ရာဇဝင် 1:17
7 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​စာ​ရာ​က``ငါ​သည်​အို​၍​အား​အင်​ကုန် ခန်း​လျက်​ရှိ​ပြီ။ ကာ​မ​စည်း​စိမ်​ကို​မည်​သို့​ခံ​စား နိုင်​မည်​နည်း။ ထို့​အ​ပြင်​ငါ​၏​ယောကျာ်း​သည်​လည်း အို​ပြီ'' ဟု​တွေး​တော​ကာ​ပြုံး​ရယ်​လေ​၏။


သင်​သည်​ယ​ခု​ချက်​ချင်း​ဒါ​ဝိဒ်​မင်း​ထံ​သွား ၍`အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​၏​သား​ရှော​လ​မုန် အား​အ​ရှင့်​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း ထိုင်​ရ​မည်​ဟု​အ​ရှင်​ကျိန်​ဆို​က​တိ​ပြု​တော် မူ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ယ​ခု​အ​ဘယ်​ကြောင့် အ​ဒေါ​နိ​ယ​သည်​ဘု​ရင်​ဖြစ်​သွား​ပါ​သ​နည်း' ဟု​မေး​လျှောက်​လော့။-


ယင်း​သို့​သင်​မေး​လျှောက်​နေ​စဉ်​အ​ကျွန်ုပ်​သည် ဝင်​လာ​၍ သင်​၏​စကား​ကို​အ​တည်​ပြု​မည်'' ဟု ဆို​၏။


ဗာ​သ​ရှေ​ဘ​သည်​မင်း​ကြီး​၏​ရှေ့​တော်​တွင် ဦး​ညွှတ်​ပျပ်​ဝပ်​လိုက်​သော​အ​ခါ​မင်း​ကြီး က``သင်​အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​သနည်း'' ဟု​မေး​တော်​မူ​၏။


သို့​ရာ​တွင်​ယ​ခု​အ​ဒေါ​နိ​ယ​သည်​ဘု​ရင် ဖြစ်​လျက်​နေ​လေ​ပြီ။ သို့​သော်​အ​ရှင်​ထို သ​တင်း​ကို​ကြား​သိ​တော်​မ​မူ​သေး​ပါ။-


ငါ​သည်​သင်​၏​သား​ရှော​လ​မုန်​အား​ငါ့ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​ရ​မည် ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နာ​မ​တော်​ကို​တိုင် တည်​၍ ကျိန်​ဆို​ခဲ့​သည်​အ​တိုင်း​ငါ​ပြု​မည် ဖြစ်​ကြောင်း​ယ​နေ့​ငါ​က​တိ​ပေး​၏'' ဟု မိန့်​တော်​မူ​၏။


ဥ​ပ​မာ​ပြော​ရ​သော်​စာ​ရာ​သည်​အာ​ဗြ​ဟံ ၏​စ​ကား​ကို​နား​ထောင်​၏။ အာ​ဗြ​ဟံ​ကို​သ​ခင် ဟု​ခေါ်​၏။ သင်​တို့​သည်​မည်​သည်​ကို​မျှ​ကြောက်​ရွံ့ ခြင်း​မ​ရှိ​ဘဲ ကောင်း​မြတ်​သည့်​အ​ကျင့်​ကို​ပြု ကျင့်​ပါ​လျှင်​စာ​ရာ​၏​သ​မီး​များ​ဖြစ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ