၁ ယောဟန် 1:5 - Myanmar Common Language Zawgyi Version5 ဘုရားသခင်သည်အလင်းဖြစ်တော်မူ၏။ ကိုယ်တော်၌အမှောင်လုံးဝမရှိဟူသော တရားစကားကို ငါတို့သည်ကိုယ်တော်၏ သားတော်ထံမှကြားသိရသဖြင့်သင်တို့ အားကြေညာ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ဘုရားသခင်၌ မှောင်မိုက်ခြင်းလုံးဝမရှိ”ဟူသော ဤသတင်းစကားသည် ကိုယ်တော်ထံမှ ငါတို့ကြားရ၍ သင်တို့အား ပြောကြားသောသတင်းစကားဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍၊ သင်တို့အား ပြသသော တရားစကားဟူမူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိ။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။