Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကောရိန်သု 14:11 - Myanmar Common Language Zawgyi Version

11 သို့​ရာ​တွင်​ငါ​နား​မ​လည်​သည့်​ဘာ​သာ​စ​ကား ကို​ပြော​ဆို​သူ​သည် ငါ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​၏။ ငါ​သည်​လည်း​သူ့​အ​ဖို့​လူ​မျိုး​ခြား​ဖြစ်​ပေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

11 ထို့ကြောင့် ဘာသာ​စကား​၏​အနက်​အဓိပ္ပာယ်​ကို ငါ​နား​မ​လည်​လျှင် ထို​စကား​ကို​ပြောဆို​နေ​သူ​အတွက် ငါ​သည် တိုင်းတစ်ပါးသား​ဖြစ်​သကဲ့သို့ ပြောဆို​နေ​သော​ထို​သူ​သည်​လည်း ငါ့​အတွက် တိုင်းတစ်ပါးသား​ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

11 ဘာ​သာ​စ​ကား၏​အ​နက်​ကို ငါ​နား​မ​လည်​လျှင်၊ ပြော​သော​သူ​အား ငါ​သည် လူ​ရိုင်း​ဖြစ်​လိမ့်​မည်။ ပြော​သော​သူ​သည်​လည်း၊ ငါ့​အား လူ​ရိုင်း​ဖြစ်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကောရိန်သု 14:11
6 ပူးပေါင်းရင်းမြစ်များ  

ကျွန်း​သူ​ကျွန်း​သား​တို့​သည်​ကျွန်ုပ်​တို့​အ​ပေါ်​တွင် အ​ထူး​ကြင်​နာ​မှု​ကို​ပြ​ကြ​၏။ မိုး​ရွာ​သ​ဖြင့် ချမ်း​အေး​လာ​သော​ကြောင့် ထို​သူ​တို့​သည်​မီး​ဖို ပြီး​လျှင်​ကျွန်ုပ်​တို့​အား​ဧည့်​ခံ​ကြ​၏။


သူ​၏​လက်​မှ​တန်း​လန်း​ကျ​နေ​သော​မြွေ ကို​ကျွန်း​သူ​ကျွန်း​သား​တို့​မြင်​လျှင် ``ဤ​သူ ကား​သူ​သတ်​သ​မား​ဖြစ်​တန်​ရာ​၏။ ပင်​လယ် တွင်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ခဲ့​သော်​လည်း တ​ရား​မျှ​တ​မှု​က​သူ့​အား​အ​သက်​ရှင် ခွင့်​မ​ပြု'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-


လူ​ယဉ်၊ လူ​ရိုင်း၊ ပ​ညာ​ရှိ၊ ပ​ညာ​မဲ့၊ ရှိ​ရှိ​သ​မျှ သော​သူ​တို့​အ​တွက်​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့်၊-


ကမ္ဘာ​ပေါ်​တွင်​ဘာ​သာ​စ​ကား​အ​မျိုး​ပေါင်း များ​စွာ​ရှိ​သော်​လည်း မည်​သည့်​ဘာ​သာ​စ​ကား မျှ​အ​ဋ္ဌိပ္ပါယ်​ကင်း​မဲ့​သည်​မ​ရှိ။-


ကျမ်း​စာ​တော်​တွင်၊ ``ငါ​၏​လူ​စု​တော်​အား​ထူး​ဆန်း​သော ဘာ​သာ​စ​ကား​များ​ဖြင့်​ငါ​ပြော​မည်။ လူ​မျိုး​ခြား​တို့​၏​နှုတ်​ဖြင့်​ငါ​ပြော​မည်။ သို့​သော်​လည်း​ငါ​၏​လူ​စု​တော်​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​၏။-


သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား၊ လူ​မျိုး​ခြား​ဟူ​၍ လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​ခံ​သူ​မ​ခံ​သူ​ဟူ ၍​လည်း​ကောင်း၊ မ​ယဉ်​ကျေး​သူ၊ လူ​ရိုင်း၊ ကျွန်၊ လွတ်​လပ်​သူ​ဟူ​၍​လည်း​ကောင်း​ကွဲ​ပြား​ခြား နား​မှု​မ​ရှိ​တော့​ချေ။ ခ​ရစ်​တော်​သည်​အ​လုံး စုံ​တို့​၌​ရှိ​၍​အ​လုံး​စုံ​ဖြစ်​တော်​မူ​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ