Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 7:14 - Myanmar Common Language Zawgyi Version

14 မ​နာ​ရှေ​သည်​အာ​ရ​မိ​အ​မျိုး​သ​မီး​မ​ယား ငယ်​နှင့်​ရ​သော​သား​နှစ်​ယောက်​မှာ အာ​သ​ရေ​လ နှင့်​မာ​ခိ​ရ​ဖြစ်​၏။ မာ​ခိ​ရ​၏​သား​သည်​ဂိ​လဒ် ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

14 မနာရှေ​၏​သား​များ​မှာ မယားငယ်​ဆီးရီးယား​သူ​မှ​မွေး​သော အသရေလ​နှင့် ဂိလဒ်​၏​ဖခင် မာခိရ တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

14 မ​နာ​ရှေ​သား​ဦး​ကား အာ​သ​ရေ​လ၊ ထို​နောက်၊ ရှု​ရိ​အ​မျိုး​ဖြစ်​သော မ​ယား​ငယ်​တွင် မြင်​သော​သား၊ ဂိ​လဒ်၏​အ​ဘ မာ​ခိ​ရ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 7:14
13 ပူးပေါင်းရင်းမြစ်များ  

ဣ​ဇာက်​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ပါ​ဒ​နာ​ရံ​ပြည်​မှ ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သ​မီး၊ လာ​ဗန်​၏​နှ​မ​ရေ​ဗက္က​နှင့်​အိမ်​ထောင် ပြု​လေ​သည်။-


သူ​သည်​ဧ​ဖ​ရိမ်​၏​သား​သ​မီး​နှင့်​မြေး​တို့ ကို​တွေ့​မြင်​သွား​ရ​၏။ မ​နာ​ရှေ​၏​သား​မာ​ခိ ရ​၏​သား​သ​မီး​တို့​ကို​လည်း​ပြု​စု​ခဲ့​ရ​၏။-


န​ဿ​လိ​တွင်​ယာ​ဇေ​လ၊ ဂု​နိ၊ ယေ​ဇ၊ ရှလ္လုံ ဟူ​၍​သား​လေး​ယောက်​ရှိ​၏။ (သူ​တို့​သည် ဗိ​လ​ဟာ​၏​သား​မြေး​များ​ဖြစ်​သ​တည်း။)


မာ​ခိ​ရ​သည်​ဟု​ပိမ်​နှင့်​ရှုပိမ်​တို့​အ​တွက်​အိမ် ထောင်​ဖက်​များ​ကို​ရှာ​၍​ပေး​၏။ သူ့​နှ​မ ၏​နာ​မည်​မှာ​မာ​ခါ​ဖြစ်​၏။ မာ​ခိ​ရ​၏​ဒု​တိ​ယ သား​မှာ​ဇ​လော​ဖတ်​ဖြစ်​၍​ထို​သူ​၌​သ​မီး များ​သာ​လျှင်​ရှိ​လေ​သည်။


ယော​သပ်​အ​နွယ်​များ​မှာ မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ဖြစ်​သည်။ ယော​သပ်​သည် မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​တို့ ၏​ဖ​ခင်​ဖြစ်​သည်။


ဇ​လော​ဖဒ်​သည်​ဟေ​ဖေ​ရ​၏​သား၊ ဟေ​ဖေ​ရ သည်​ဂိ​လဒ်​၏​သား၊ ဂိ​လဒ်​သည်​မာ​ခိ​ရ​၏​သား၊ မာ​ခိ​ရ​သည်​မ​နာ​ရှေ​၏​သား၊ မ​နာ​ရှေ​သည် ယော​သပ်​၏​သား​ဖြစ်​သည်။ ဇ​လော​ဖဒ်​၏​သ​မီး များ​ဖြစ်​ကြ​သော​မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ​နှင့်​တိ​ရ​ဇာ​တို့​သည်၊-


ဂိ​လဒ်​ပြည်​တစ်​ဝက်​နှင့်​သြ​ဃ​မင်း​အ​စိုး​ရ သော​ဗာ​ရှန်​ပြည်​၏​မြို့​တော်​များ​ဖြစ်​သည့် အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​လည်း ပါ​ဝင်​သည်။ အ​ထက်​ဖော်​ပြ​ပါ​နယ်​မြေ​သည် မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​၏​မိ​သား​စု​တစ် ဝက်​တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။


သူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​နောက်​က လိုက်​၍ ဧ​ဖ​ရိမ်​နယ်​မြေ​မှ​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​လာ ကြ​၏။ စစ်​သူ​ကြီး​များ​သည်​မာ​ခိ​ရ​အ​နွယ်​ထဲ​မှ လည်း​ကောင်း စစ်​အ​ရာ​ရှိ​တို့​သည်​ဇာ​ဗု​လုန်​အ​နွယ် ထဲ​မှ​လည်း​ကောင်း​ဆင်း​လာ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ