၁ ရာဇဝင်ချုပ် 26:30 - Myanmar Common Language Zawgyi Version30 ဟေဗြုန်၏သားမြေးတို့အနက်ဟာရှဘိနှင့် သူ၏ဆွေမျိုးသားချင်းတစ်ထောင့်ခုနစ်ရာ တို့သည် ယော်ဒန်မြစ်အနောက်ဘက်ရှိဣသရေလ အမျိုးသားတို့၏ဘာသာရေးနှင့်မြို့ပြရေး ရာအမှုကိစ္စမှန်သမျှကို စီမံအုပ်ချုပ်ရန် တာဝန်ယူရကြလေသည်။ သူတို့အားလုံး ပင်ထူးချွန်သူများဖြစ်သတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်30 ဟေဗြုန်အမျိုးဖြစ်သော ဟာရှဘိနှင့် ရဲစွမ်းသတ္တိရှိသော သူ့ညီအစ်ကိုတစ်ထောင့်ခုနစ်ရာတို့သည် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဝန်းကျင်ရှိ အစ္စရေးလူမျိုးတို့ကို တာဝန်ယူအုပ်ချုပ်ရ၏။ သူတို့သည် ထာဝရဘုရား၏အမှုတော်အလုံးစုံနှင့် ရှင်ဘုရင်၏အမှုကိစ္စကိုလည်း ထမ်းဆောင်ရ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version30 ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီးဟာရှဘိနှင့် သူ၏ညီ တစ်ထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာနေသော ဣသရေလလူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏အမှုတော်နှင့် ရှင်ဘုရင်အမှု အမျိုးမျိုးတို့ကို စောင့်ရကြ၏။ အခန်းကိုကြည့်ပါ။ |
ဘာသာရေးအမှုအခင်းရှိသမျှတွင်ယဇ်ပုရော ဟိတ်မင်းအာမရိသည်လည်းကောင်း၊ တရားအမှု မှန်သမျှတွင် ဣရှမေလ၏သား၊ ယုဒဘုရင်ခံ ဇေဗဒိသည်လည်းကောင်းနောက်ဆုံးအာဏာပိုင် ဖြစ်စေရမည်။ တရားရုံးများမှချမှတ်သည့် စီရင်ချက်များကိုအရေးယူဆောင်ရွက်ရန်မှာ လေဝိအနွယ်ဝင်တို့၏တာဝန်ဖြစ်၏။ သင်တို့ သည်ဤညွှန်ကြားချက်များကိုရဲရင့်စွာ ဆောင်ရွက်ကြလော့။ ထာဝရဘုရားသည် ဖြောင့်မှန်သူတို့ဘက်၌ရှိတော်မူပါစေသော'' ဟုမိန့်တော်မူ၏။