၁ ရာဇဝင်ချုပ် 25:7 - Myanmar Common Language Zawgyi Version7 ဤသူအပေါင်းတို့နှင့်သူတို့၏ညီအစ်ကို လေဝိအနွယ်ဝင်တို့သည် လေ့ကျင့်ထားသော ဂီတပညာသည်များဖြစ်၍အထူးကျွမ်း ကျင်သူများတည်း။ သူတို့၏ဦးရေမှာစုစု ပေါင်းနှစ်ရာရှစ်ဆယ့်ရှစ်ယောက်ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်7 သူတို့နှင့် သူတို့၏ညီအစ်ကိုအားလုံးတို့သည် ထာဝရဘုရားထံချီးမွမ်းသီဆိုရာတွင် လေ့ကျင့်ထားပြီးသူများ၊ ကျွမ်းကျင်ပြီးသူများ ဖြစ်ကြ၏။ သူတို့အားလုံး နှစ်ရာရှစ်ဆယ့်ရှစ်ယောက် ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version7 ထိုသူတို့နှင့်တကွ ထာဝရဘုရား၏သီချင်းကို သင်၍လေ့ကျက်သော ညီအစ်ကိုပေါင်းကား နှစ်ရာရှစ်ကျိပ်ရှစ်ယောက်တည်း။ အခန်းကိုကြည့်ပါ။ |
ဤအလုပ်ကိုလုပ်ဆောင်သူတို့သည်လုံးဝ စိတ်ချယုံကြည်ရသူများဖြစ်၏။ ထိုသူတို့ အားလေဝိအနွယ်ဝင်မေရာရိသားချင်းစု မှယာဟပ်နှင့်သြဗဒိ၊ လေဝိအနွယ်ဝင် ကောဟပ်သားချင်းစုမှဇာခရိနှင့်မေရှုလံ တို့ကြီးကြပ်အုပ်ချုပ်ရကြ၏။ (လေဝိ အနွယ်ဝင်အပေါင်းတို့သည်ဂီတပညာ တွင်ကျွမ်းကျင်သူများဖြစ်သတည်း။-)