Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 24:31 - Myanmar Common Language Zawgyi Version

31 မိ​မိ​တို့​၏​ဆွေ​မျိုး​များ​ဖြစ်​သော​အာ​ရုန်​မှ ဆင်း​သက်​လာ​သော ယဇ်​ပု​ရော​ဟိတ်​များ​ပြု​ခဲ့ ကြ​သည့်​နည်း​တူ၊ အိမ်​ထောင်​စု​တိုင်း​မှ​အိမ် ထောင်​ဦး​စီး​နှင့်​ယင်း​အိမ်​ထောင်​မှ​ညီ​ဖြစ်​သူ တစ်​ယောက်​သည်​မဲ​ချ​၍ တာ​ဝန်​ဝတ္တ​ရား​များ ကို​ယူ​ရ​ကြ​၏။ ဤ​သို့​ပြု​ရာ​၌​ဒါ​ဝိဒ်​မင်း၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်၊ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​အိမ်​ထောင်​ဦး​စီး​များ​နှင့်​လေ​ဝိ​အ​နွယ် ဝင်​တို့​၏​အိမ်​ထောင်​ဦး​စီး​များ​သည်​အ​သိ သက်​သေ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

31 သူ​တို့​သည်​လည်း ဆွေမျိုးသားချင်း​အာရုန်​၏​သားမြေး​များ​ကဲ့သို့ပင် ဒါဝိဒ်​မင်းကြီး​၊ ဇာဒုတ်​၊ အဟိမလက်​နှင့် ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုးသား​တို့​၏​ဘိုးဘေး​အိမ်ထောင်စု​ခေါင်းဆောင်​တို့​ရှေ့​တွင် ညီအစ်ကို​ကြီး​ငယ်​မ​ရွေး​မဲချ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

31 ဤ​သူ​တို့​သည် ဒါ​ဝိဒ်​မင်း​ကြီး၊ ဇာ​ဒုတ်၊ အ​ဟိ​မ​လက်​အ​စ​ရှိ​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့​ရှေ့​မှာ မိ​မိ​တို့​ညီ​အစ်​ကို အာ​ရုန်​အ​မျိုး​သား​တို့ တစ်​ဖက်​တစ်​ချက် အ​လှည့်​လှည့် စာ​ရေး​တံ​ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 24:31
7 ပူးပေါင်းရင်းမြစ်များ  

မု​ရှိ​၌​မ​ဟာ​လိ၊ ဧ​ဒါ၊ ယေ​ရိ​မုတ်​ဟူ သော​သား​သုံး​ယောက်​ရှိ​သ​တည်း။ ဤ​သူ​တို့​သည်​အိမ်​ထောင်​စု​အ​လိုက်​လေဝိ အ​နွယ်​ဝင်​များ​ဖြစ်​ကြ​၏။


ထို​သူ​တို့​သည်​ကြီး​သူ​ငယ်​သူ၊ ကျွမ်း​ကျင်​သူ၊ မ​ကျွမ်း​ကျင်​သူ​ဟူ​၍​ခွဲ​ခြား​ခြင်း​မ​ရှိ​ဘဲ တာ​ဝန်​ဝတ္တ​ရား​များ​ခွဲ​ခန့်​သတ်​မှတ်​ရာ​၌ မဲ​နှိုက်​၍ ယူ​ရ​ကြ​၏။


လူ​ဦး​ရေ​အ​နည်း​အ​များ​ကို​ပ​မာ​ဏ​မ​ထား ဘဲ​အိမ်​ထောင်​စု​တိုင်း​ပင်​လျှင် မိ​မိ​တို့​အ​စောင့် တာ​ဝန်​ကျ​မည့်​တံ​ခါး​ကို​မဲ​နှိုက်​၍​ယူ​ရ​ကြ​၏။-


ရှော​လ​မုန်​သည်​တစ်​ထောင်​တပ်၊ တစ်​ရာ​တပ်​တို့ ကို​အုပ်​ချုပ်​သော​တပ်​မှူး​များ၊ အ​စိုး​ရ​အ​ရာ ရှိ​များ၊ အိမ်​ထောင်​ဦး​စီး​များ​နှင့်​ပြည်​သူ အ​ပေါင်း​တို့​အား-


ယဇ်​ပု​ရော​ဟိတ်​များ​နေ​ထိုင်​ရာ​အ​ခြား​မြို့ များ​၌ အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​ဖြစ် ကြ​သော​ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ​နှင့်​ရှေ​က​နိ​တို့​က​ကော​ရ​အား သစ္စာ​ရှိ​စွာ​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား သား​ချင်း​စု​အ​လိုက် မ​ဟုတ်​ဘဲ​သူ​တို့​ထမ်း​ဆောင်​ရ​သည့်​တာ​ဝန် ဝတ္တ​ရား​များ​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​များ ကို​ခွဲ​ဝေ​ပေး​ကြ​ရ​၏။ မိ​မိ​တို့​ရာ​ထူး အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ့​စဉ် တာ​ဝန် ထမ်း​ဆောင်​ရ​သူ​အ​သက်​သုံး​ဆယ်​နှင့် အ​ထက်​ရှိ​သူ​အ​ပေါင်း​တို့​သည်​ဝေ​စု တစ်​စု​စီ​ရ​ရှိ​ကြ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ