၁ ရာဇဝင်ချုပ် 21:2 - Myanmar Common Language Zawgyi Version2 ဒါဝိဒ်သည်ယွာဘနှင့်အခြားတပ်မှူးများ အား``သင်တို့သည်တိုင်းပြည်တစ်စွန်းမှ အခြားတစ်စွန်းသို့တိုင်အောင် ဣသရေလ နိုင်ငံတစ်လျှောက်လုံးကိုသွားရောက်၍လူဦး ရေစာရင်းကောက်ယူကြလော့။ လူဦးရေ မည်မျှရှိသည်ကိုငါသိလိုသည်'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်2 ထို့ကြောင့် ဒါဝိဒ်မင်းကြီးက ယွာဘနှင့် စစ်သူကြီးတို့အား “ဗေရရှေဘမြို့မှစ၍ ဒန်မြို့တိုင်အောင်သွားပြီး အစ္စရေးလူမျိုးတို့၏အရေအတွက်ကို စာရင်းယူလော့။ ပြီးလျှင် သူတို့အရေအတွက်ကို ငါသိရအောင် ငါ့ထံပြန်လာ၍ အစီရင်ခံလော့”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version2 ဒါဝိဒ်ကလည်း၊ လူပေါင်းမည်မျှရှိသည်ကို ငါသိမည်အကြောင်း၊ ဗေရရှေဘမြို့မှသည် ဒန်မြို့တိုင်အောင် သွား၍ ဣသရေလအမျိုးသားတို့ကို ရေတွက်ပြီးလျှင်၊ စာရင်းကို ငါ့ထံသို့သွင်းလော့ဟု ဗိုလ်ချုပ်မင်းယွာဘနှင့် အရာရှိတို့အားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
မြောက်ဘက်ရှိဒန်မြို့မှတောင်ဘက်ရှိဗေရ ရှေဗမြို့တိုင်အောင် အရပ်ရပ်မှလည်းကောင်း၊ အရှေ့ဘက်ရှိဂိလဒ်ပြည်မှလည်းကောင်း ဣသရေလအမျိုးသားအပေါင်းတို့သည် စစ်တိုက်ရန်ဖိတ်ခေါ်ချက်အရ တစ်စုတစ်ရုံး တည်းမိဇပါမြို့တွင်ထာဝရဘုရား၏ ရှေ့တော်၌လာရောက်စုဝေးကြလေသည်။-