၁ ရာဇဝင်ချုပ် 20:5 - Myanmar Common Language Zawgyi Version5 ဖိလိတ္တိအမျိုးသားတို့နှင့်အခြားတိုက်ပွဲ တစ်ရပ်ဖြစ်သေး၏။ ထိုတိုက်ပွဲတွင်ယာဣယ ၏သားဧလဟာနန်သည် ဂါသမြို့မှ ဂေါလျက်၏ညီလာခမိအားလုပ်ကြံ လိုက်၏။ ဧလဟာနန်လှံရိုးသည်ရက်ကန်း လက်လိပ်တမျှကြီးမားသတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 ထို့နောက်တွင် ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ယာဣရ၏သား ဧလဟာနန်သည် ယက်ကန်းလိပ်တမျှကြီးသောလှံရိုးကို ကိုင်ဆောင်သည့် ဂိတ္တိလူမျိုးဂေါလျတ်၏ညီ လာခမိကို သတ်လိုက်၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version5 နောက်တစ်ဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှကြီးသော လှံရိုးကိုသုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ညီလာခမိကို သတ်လေ၏။ အခန်းကိုကြည့်ပါ။ |
ဂါသမြို့တွင်အခြားတိုက်ပွဲတစ်ရပ်ဖြစ် ပွားပြန်၏။ ထိုတိုက်ပွဲတွင်လက်တစ်ဖက် လျှင်လက်ချောင်းခြောက်ချောင်းနှင့် ခြေတစ် ဖက်လျှင်ခြေချောင်းခြောက်ချောင်းရှိ၍ အလွန်ထွားကြိုင်းကြီးမားသူလူတစ် ယောက်ပါဝင်၏။ သူသည်ကိုယ်လက်ကြီး ထွားသည့်ရှေးလူမျိုးမှဆင်းသက်လာ သူဖြစ်သတည်း။-
အဟိမလက်က``ငါ့မှာဧလာချိုင့်ဝှမ်းတွင် သတ်ဖြတ်ခဲ့သည့်ဖိလိတ္တိအမျိုးသားဂေါ လျတ်၏ဓားရှိပါ၏။ ထိုဓားကိုပဋိညာဉ် သေတ္တာတော်၏နောက်တွင်အဝတ်နှင့်ပတ်၍ ထားပါ၏။ သင်အလိုရှိလျှင်ယူပါလေ။ ဤအရပ်တွင်အခြားလက်နက်မရှိပါ'' ဟုပြန်ပြော၏။ ထိုအခါဒါဝိဒ်က``ထိုဓားထက်ကောင်း သည့်ဓားအဘယ်မှာမျှမရှိပါ။ ယင်းကို အကျွန်ုပ်အားပေးပါလော့'' ဟုဆို၏။-