၁ ရာဇဝင်ချုပ် 18:17 - Myanmar Common Language Zawgyi Version17 ယောယဒ၏သားဗေနာယသည်ဒါဝိဒ်၏ ကိုယ်ရံတော်တပ်ဖွဲ့ဝင်၊ ခေရသိအမျိုးသား များနှင့်ပေလသိအမျိုးသားတို့ကိုအုပ်ချုပ် ရလေသည်။ ဒါဝိဒ်၏သားတော်တို့သည်လည်း ကြီးမြင့်သည့်ရာထူးရာခံများတွင်မင်းကြီး ၏အမှုတော်ကိုထမ်းဆောင်ရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်17 ယောယဒ၏သား ဗေနာယကား ခေရသိလူမျိုးနှင့်ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊ ဒါဝိဒ်မင်းကြီး၏သားတို့ကား ရှင်ဘုရင်အနား၌ ခစားရသော အရာရှိများ စသည်ဖြင့် အသီးသီးနေရာရကြ၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version17 ယောယဒ၏သား ဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည်လည်း အထံတော်၌ မင်းသားအရာနှင့် နေကြ၏။ အခန်းကိုကြည့်ပါ။ |
အို ဖိလိတ္တိလူတို့၊ ပင်လယ်ကမ်းခြေတွင်နေ ထိုင်သူခေရသိအမျိုးသားတို့၊ သင်တို့ သည်အမင်္ဂလာရှိကြ၏။ ထာဝရဘုရား သည်သင်တို့အားအပြစ်ဒဏ်စီရင်ချမှတ် တော်မူလေပြီ။ ကိုယ်တော်သည်သင်တို့ကို သုတ်သင်ဖျက်ဆီးတော်မူမည်ဖြစ်၍ သင် တို့တစ်ဦးတစ်ယောက်မျှကျန်ရှိရလိမ့် မည်မဟုတ်။-