Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 10:9 - Myanmar Common Language Zawgyi Version

9 သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ အ​ဝတ်​တန်​ဆာ​များ​ကို​ချွတ်​ပစ်​ကြ​၏။ ထို နောက်​စေ​တ​မန်​တို့​အား​ရှော​လု​၏​ဦး​ခေါင်း နှင့်​လက်​နက်​များ​ကို​ယူ​ဆောင်​၍ ဖိ​လိတ္တိ ပြည်​ကို​လှည့်​လည်​ကာ​မိ​မိ​တို့​အ​မျိုး သား​များ​နှင့်​ရုပ်​တု​များ​ရှိ​ရာ​အ​ရပ် များ​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ စေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 သူ​တို့​သည် ရှောလု​မင်းကြီး​၏​စစ်ဝတ်တန်ဆာ​ကို ချွတ်​ပြီး ဦးခေါင်း​နှင့်တကွ စစ်ဝတ်တန်ဆာ​များ​ကို ယူသွား​ကြ​၏​။ ထို့နောက် ဖိလိတ္တိ​ပြည်​တစ်ပြည်လုံး​သို့ လူ​လွှတ်​၍ သူ​တို့​၏​ရုပ်တု​များ​နှင့် ပြည်သူပြည်သား​များ​ထံ၌ ထို​သတင်းကောင်း​ကို​ကြေညာ​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

9 အ​ဝတ်​တန်​ဆာ​တော်​ကို ချွတ်​ပြီး​မှ ခေါင်း​တော်၊ လက်​နက်​တော်​ကို​ယူ၍ သူ​တို့​ရုပ်​တု​အိမ်​များ၌​လည်း​ကောင်း၊ လူ​များ​တို့၌​လည်း​ကောင်း၊ သ​တင်း​ကျော်​စော​စေ​ခြင်း​ငှာ၊ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်​သို့ ပေး​လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 10:9
9 ပူးပေါင်းရင်းမြစ်များ  

ထို​သ​တင်း​ကို​ဂါ​သ​မြို့​၌​သော်​လည်း​ကောင်း အာ​ရှ​ကေ​လုန်​မြို့​လမ်း​များ​ပေါ်​၌​သော်​လည်း ကောင်း မ​ပြော​ကြား​ကြ​နှင့်။ ဖိ​လိတ္တိ​အ​မျိုး​သ​မီး​တို့​ဝမ်း​မြောက်​ခွင့်​မ​ရ ကြ​စေ​နှင့်။ ဘု​ရား​မဲ့​သူ​တို့​၏​သ​မီး​များ​ရွှင်​မြူး​ခွင့်​မရ ကြ​စေ​နှင့်။


သူ​တို့​သည်​ရှော​လု​၏​လက်​နက်​များ​ကို မိ​မိ​တို့​၏​ဘု​ရား​ကျောင်း​တွင်​ထား​၍ သူ ၏​ဦး​ခေါင်း​ကို​ဒါဂုန်​ဗိ​မာန်​တွင်​ချိတ်​ဆွဲ ထား​ကြ​၏။-


သူ​သည်​မိ​မိ​၏​လက်​နက်​များ​ကို​သယ် ဆောင်​ပေး​သူ​လု​လင်​ပျို​အား``ဘု​ရား​မဲ့ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​၍ ငါ့​အား သ​ရော်​မော်​ကား​မ​ပြု​လုပ်​နိုင်​ကြ​စေ​ရန် သင်​သည်​ဓား​ကို​ဆွဲ​ထုတ်​ကာ​ငါ့​အား သတ်​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လု​လင် သည်​မင်း​ကြီး​ကို​သတ်​ရန်​ကြောက်​ရွံ့​လျက် နေ​သ​ဖြင့် ရှော​လု​သည်​မိ​မိ​၏​ဓား​ကို​ဆွဲ ထုတ်​ပြီး​လျှင် ဓား​ပေါ်​တွင်​လှဲ​ချ​ကာ မိ​မိ​ကိုယ်​ကို​အ​ဆုံး​စီ​ရင်​တော်​မူ​၏။-


တိုက်​ပွဲ​ပြီး​ဆုံး​ပြီး​နောက်​တစ်​နေ့​၌ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အ​လောင်း​ကောင်​များ​မှ ပစ္စည်း​များ​ကို​လု​ယူ​ရန်​လာ​ကြ​သော​အ​ခါ ရှော​လု​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို ဂိ​လ​ဗော​တောင်​ထိပ်​တွင်​တွေ့​ရှိ​ကြ​၏။-


ကောင်း​ကင်​ဘုံ​ရှင်​ကို​ဆန့်​ကျင်​ဘက်​ပြု​၍ ဗိ​မာန်​တော်​မှ​ရွှေ​ဖ​လား​များ​ကို​ရှေ့​တော် သို့​ယူ​စေ​တော်​မူ​ခဲ့​ပါ​၏။ အ​ရှင်​နှင့်​တ​ကွ အ​ရှင့်​မှူး​မတ်​များ၊ မိ​ဖု​ရား​များ၊ မောင်း မ​မိ​ဿံ​များ​သည်​ထို​ရွှေ​ဖ​လား​များ​တွင် စ​ပျစ်​ရည်​ကို​ထည့်​၍​သောက်​ပြီး​လျှင် မျက်​စိ မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော​ရွှေ၊ ငွေ၊​ကြေး​ဝါ၊ သံ၊ သစ်​သား၊ ကျောက်​တို့​နှင့်​လုပ်​သော​ဘု​ရား​များ​ကို ထော​မ​နာ​ပြု​ကြ​ပေ​သည်။ သို့​ရာ​တွင် အ​ရှင်​သည်​မိ​မိ​၏​အ​သက်​ကို​လည်း​ကောင်း၊ မိ​မိ​ပြု​သော​အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို လည်း​ကောင်း​စိုး​ပိုင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ကား​ချီး​မွမ်း​တော် မ​မူ​ပါ။-


လင်​ပန်း​ပေါ်​တွင်​တင်​၍​သူ​ငယ်​မ​အား​ပေး​စေ တော်​မူ​၏။ သူ​ငယ်​မ​သည်​လည်း​ထို​ဦး​ခေါင်း​ကို မိ​ခင်​ထံ​သို့​ယူ​ဆောင်​သွား​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ