၁ ရာဇဝင်ချုပ် 10:3 - Myanmar Common Language Zawgyi Version3 တိုက်ပွဲသည်ရှောလု၏ပတ်လည်တွင်ပြင်း ထန်လှသဖြင့် ရှောလုသည်ရန်သူများ၏ မြားချက်ဖြင့်ပြင်းစွာဒဏ်ရာရလေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်3 ရှောလုမင်းကြီးသည်လည်း အပြင်းအထန်တိုက်ခိုက်ခံရပြီး လေးသည်တော်တို့နှင့်တိုးမိ၍ လေးသည်တော်တို့လက်ချက်ဖြင့် ဒဏ်ရာရသွား၏။ အခန်းကိုကြည့်ပါ။Judson Bible in Zawgyi Version3 စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ပစ်သော မြားမှန်၍ အလွန်နာသောကြောင့်၊ အခန်းကိုကြည့်ပါ။ |
သူသည်မိမိ၏လက်နက်များကိုသယ် ဆောင်ပေးသူလုလင်ပျိုအား``ဘုရားမဲ့ ဖိလိတ္တိအမျိုးသားတို့လာ၍ ငါ့အား သရော်မော်ကားမပြုလုပ်နိုင်ကြစေရန် သင်သည်ဓားကိုဆွဲထုတ်ကာငါ့အား သတ်လော့'' ဟုဆို၏။ သို့ရာတွင်ထိုလုလင် သည်မင်းကြီးကိုသတ်ရန်ကြောက်ရွံ့လျက် နေသဖြင့် ရှောလုသည်မိမိ၏ဓားကိုဆွဲ ထုတ်ပြီးလျှင် ဓားပေါ်တွင်လှဲချကာ မိမိကိုယ်ကိုအဆုံးစီရင်တော်မူ၏။-