Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ရာဇ​ဝင်​ချုပ် 10:1 - Myanmar Common Language Zawgyi Version

1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့် ဂိ​လ​ဗော​တောင်​ပေါ်​တွင် တိုက်​ပွဲ​ဖြစ်​ကြ​ရာ၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​မြောက်​အ​မြား​ကျ​ဆုံး​ကြ လေ​သည်။ ရှော​လု​မင်း​နှင့်​သား​တော်​များ အ​ပါ​အ​ဝင်​ကျန်​ရှိ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ကုန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 တစ်ချိန်တွင် ဖိလိတ္တိ​လူမျိုး​တို့​နှင့် အစ္စရေး​လူမျိုး​တို့ တိုက်ခိုက်​ကြ​ရာ အစ္စရေး​လူမျိုး​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ထံမှ ထွက်ပြေး​ကြ​ရ​ပြီး ဂိလဗော​တောင်​ပေါ်တွင် လဲကျ​သေဆုံး​ကြ​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible in Zawgyi Version

1 ဖိ​လိ​တ္တိ​လူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ကို​စစ်​တိုက်၍၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရန်​သူ​ရှေ့​မှာ​ပြေး​သ​ဖြင့်၊ ဂိ​လ​ဗော​တောင်​ပေါ်​မှာ အ​ထိ​အ​ခိုက်​နှင့် လဲ၍​သေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာဇ​ဝင်​ချုပ် 10:1
9 ပူးပေါင်းရင်းမြစ်များ  

``ဂိ​လ​ဗော​တောင်​ကုန်း​များ​ပေါ်​၌ မိုး​မ​ရွာ​နှင်း​မ​ကျ​ပါ​စေ​နှင့်။ ထို​တောင်​ကုန်း​များ​မှ​လယ်​ယာ​များ​သည် ထာ​ဝ​စဉ်​အ​သီး​အ​နှံ​ကင်း​မဲ့​ပါ​စေ​သော။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရပ်​သည် သူ​ရဲ​ကောင်း​တို့​၏​ဒိုင်း​လွှား​များ​အ​သ​ရေ ပျက်​၍ ကျန်​ရစ်​ရာ၊ ရှော​လု​၏​ဒိုင်းလွှား​သံ​ချေး​တက်​လျက်​နေ​ရာ ဖြစ်​သော​ကြောင့်​တည်း။


ထို​သူ​ငယ်​က``ကျွန်​တော်​သည်​ဂိ​လ​ဗော​တောင် ပေါ်​တွင်​ရှိ​နေ​ခိုက်​နှင့်​ကြုံ​သ​ဖြင့် ရှော​လု​မင်း သည်​မိ​မိ​၏​လှံ​ကို​မှီ​လျက်​နေ​သည်​ကို​လည်း ကောင်း၊ ရန်​သူ​၏​စစ်​ရ​ထား​များ​နှင့်​မြင်း​စီး သူ​ရဲ​တို့​သည်​သူ​၏​အ​နီး​သို့​ချဉ်း​ကပ် လာ​ကြ​သည်​ကို​လည်း​ကောင်း​မြင်​ပါ​၏။-


ဒါ​ဝိဒ်​သည်​ဂိ​လဒ်​ပြည်​သို့​သွား​၍​ယာ​ဗက်​မြို့ သား​တို့​ထံ​မှ ရှော​လု​နှင့်​ယော​န​သန်​၏​အ​ရိုး တို့​ကို​ဆောင်​ယူ​တော်​မူ​၏။ (ယာ​ဗက်​မြို့​သား တို့​သည်​ထို​အ​ရိုး​တို့​ကို​ဗက်​ရှန်​မြို့​ရင်​ပြင်​မှ လျှို့​ဝှက်​စွာ​ဆောင်​ယူ​ခဲ့​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး သား​တို့​သည်​ဂိ​လ​ဗော​တောင်​ပေါ်​တွင် ရှော​လု ကို​သတ်​ပြီး​နောက်​သူ​၏​အ​လောင်း​နှင့်​ယော န​သန်​၏​အ​လောင်း​ကို​ဗက်​ရှန်​မြို့​ရင်​ပြင် တွင်​ဆွဲ​ထား​ကြ​သည်။-)-


တိုက်​ပွဲ​ပြီး​ဆုံး​ပြီး​နောက်​တစ်​နေ့​၌ ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​အ​လောင်း​ကောင်​များ​မှ ပစ္စည်း​များ​ကို​လု​ယူ​ရန်​လာ​ကြ​သော​အ​ခါ ရှော​လု​နှင့်​သား​တို့​၏​အ​လောင်း​များ​ကို ဂိ​လ​ဗော​တောင်​ထိပ်​တွင်​တွေ့​ရှိ​ကြ​၏။-


အာ​ဇေ​လ​တွင်​အာ​ဇ​ရိ​ကံ၊ ဗော​ခေ​ရု၊ ဣ​ရှ​မေ​လ၊ ရှ​ရိ​ယ၊ သြ​ဗ​ဒိ၊ ဟာ​နန်​ဟူ​၍​သား​ခြောက်​ယောက် ရှိ​၏။


ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​ခိုက်​ရန်​စစ်​သည်​များ​ကို​စု​ရုံး​ကြ​၏။ ထို​အ​ခါ​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား``သင်​တို့ လူ​စု​သည်​ငါ​၏​ဘက်​မှ​နေ​၍​တိုက်​ရ​ကြ မည်'' ဟု​ဆို​လျှင်၊


ဖိ​လိတ္တိ​အ​မျိုး​သား​စစ်​သည်​များ​သည်​ရှု​နင် မြို့​အ​နီး​တွင်​စု​ရုံး​၍​တပ်​စ​ခန်း​ချ​လျက်​နေ ကြ​၏။ ရှော​လု​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဂိ​လ​ဗော​တောင် ထိပ်​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ