ဇေဖနိ 3:7 - Judson Bible in Zawgyi Version7 ထိုအခါ ငါက၊ အကယ်စင်စစ် ဤမျှလောက်ငါဆုံးမပြီးမှ သင်သည် ကိုယ်နေရာကို မပယ်ရှင်းစေခြင်းငှာ၊ ငါ့ကိုကြောက်ရွံ့၍ နည်းခံလိမ့်မည်ဟု ဆိုသော်လည်း၊ သူတို့သည် ကြိုးစား၍ မှားယွင်းသောအကျင့်ကိုသာ ကျင့်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်7 ငါက ‘သင်သည် ငါ့ကိုကြောက်ရွံ့လိမ့်မည်၊ ငါ၏ဆုံးမစကားကို နာခံလိမ့်မည်၊ ထို့ကြောင့် သင့်ကို တစ်ခုမျှဒဏ်မခတ်၊ သင့်နေရာကို မဖျက်ဆီး’ဟု ဆိုသော်လည်း စင်စစ် သူတို့၏အပြုအမူများမှာ ပိုမိုဆိုးဝါးလာ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version7 ထိုစဉ်အခါကငါ၏လူမျိုးတော်သည် ငါ့ကိုကြောက်ရွံ့ရိုသေကာငါပေးသည့် စည်းကမ်းကိုလိုက်နာကြလိမ့်မည်ဟူ၍ လည်းကောင်း၊ ငါ၏သွန်သင်ဆုံးမချက် ကိုအဘယ်အခါ၌မျှမေ့လျော့ကြ လိမ့်မည်မဟုတ်ဟူ၍လည်းကောင်းငါ ထင်မှတ်ခဲ့၏။ သို့ရာတွင်မကြာခဏ သူတို့သည်အကျင့်ဆိုးကိုပြုမြဲပြု လျက်နေကြ၏။ အခန်းကိုကြည့်ပါ။ |
ယေရမိကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ခြင်းနှင့် လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော်မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။