Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇေ​ဖ​နိ 2:12 - Judson Bible in Zawgyi Version

12 အို ကု​ရှ​ပြည်​သား​တို့၊ သင်​တို့​သည်​လည်း ငါ့​ဓား​ဖြင့် အ​သေ​ခံ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

12 “အို အီသီယိုးပီးယား​လူမျိုး​တို့​၊ သင်​တို့​သည်​လည်း ငါ့​ဓား​ဖြင့် ကွပ်မျက်​ခံရ​လိမ့်မည်​။”

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

12 ထာ​ဝ​ရ​ဘု​ရား​သည်​ဆူ​ဒန်​ပြည်​သား​တို့ ကို​လည်း​ကွပ်​မျက်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇေ​ဖ​နိ 2:12
12 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ ထ​တော်​မူ​ပါ။ သူ​တို့​ကို​ဆီး​တား၍ လှဲ​ချ​တော်​မူ​ပါ။ မ​တ​ရား​သော​သူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို ဓား​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။


အာ​ရှု​ရိ​လူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ငါ့​အ​မျက်၏​လှံ​တံ​ဖြစ်၏။ သူ​ကိုင်​သော​တောင်​ဝှေး​သည် ငါ​ဒဏ်​ပေး​စ​ရာ​ဖို့ ဖြစ်၏။


ထာ​ဝ​ရ​ဘု​ရား​နှင့် အ​တူ​တ​ကွ အ​မျက်​တော်​လက်​နက်​တို့​သည် တစ်​ပြည်​လုံး​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ဝေး​သော​ပြည်၊ ကောင်း​ကင်​စွန်း​မှ​လာ​ကြ၏။


ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ့​ကျွန်​ဟေ​ရှာ​ယ​သည် အဲ​ဂု​တ္တု​ပြည်​နှင့် ကု​ရှ​ပြည်၌ ပု​ပ္ပ​နိ​မိတ်၊ အံ့​ဖွယ်​သော​အ​ရာ​ကို ပြ​ခြင်း​ငှာ၊ သုံး​နှစ်​ပတ်​လုံး အ​ဝတ်​ကို​မ​ဝတ်၊ ခြေ​နင်း​ကို​မ​စီး​ဘဲ သွား​လာ​သ​ကဲ့​သို့၊


အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင့်​ကို ရွေး​သော​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား ဖြစ်၏။ သင့်​ကို​ရွေး​ဖို့၊ အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း၊ သင့်​အ​တွက် ကု​ရှ​ပြည်​နှင့် သေ​ဘ​ပြည်​ကို​လည်း​ကောင်း ငါ​ပေး၏။


ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ငါ​ခိုင်​မာ​စေ၍၊ ငါ့​ဓား​ကို သူ့​လက်၌ အပ်​မည်။ ဖာ​ရော​မင်း၏ လက်​ရုံး​တို့​ကို ငါ​ချိုး​သ​ဖြင့်၊ သူ​သည် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော​သူ အော်​ဟစ်​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှေ့​မှာ အော်​ဟစ်​ရ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ