Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇာ​ခ​ရိ 8:6 - Judson Bible in Zawgyi Version

6 တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ထို​အ​မှု​သည် ယ​ခု​ကာ​လ​တွင် ကျန်​ကြွင်း​သော ဤ​လူ​တို့ မျက်​မှောက်၌ အံ့​ဩ​ဖွယ်​ဖြစ်​သော်​လည်း၊ ငါ့​မျက်​မှောက်၌ အံ့​ဩ​ဖွယ်​ဖြစ်​ရာ​သ​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

6 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ထို​ကာလ​တွင် ထို​အမှု​သည် ကြွင်းကျန်​သော ဤ​လူမျိုး​တော်​တို့​အဖို့ အံ့ဩဖွယ်​ရာ​ဖြစ်​လျှင်​လည်း ငါ့​အဖို့​မူကား အံ့ဩဖွယ်​ရာ​ဖြစ်​လိမ့်မည်​လော’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

6 ``ဤ​အ​မှု​အ​ရာ​များ​သည်​ယ​ခု​အ​ခါ​ကျန် ကြွင်း​နေ​သူ ယု​ဒ​အ​မျိုး​သား​တို့​အ​တွက်​ဖြစ် နိုင်​ဖွယ်​မ​ရှိ​ဟု​ထင်​မှတ်​ရ​သော်​လည်း ငါ​အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​တွက်​မူ​ကား ဖြစ်​နိုင်​သည်​သာ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 8:6
13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​မှု တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ ချိန်း​ချက်​သော ဖွား​ချိန်​စေ့​သော​အ​ခါ၊ သင့်​ဆီ​သို့​ငါ​ပြန်​လာ၍၊ စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။


ရှင်​ဘု​ရင်​မှီ​ခြင်း​ကို​ခံ​ရ​သော​အ​မတ်​က၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်၌ ပြူ​တင်း​ပေါက်​တို့​ကို ဖွင့်​လှစ်​တော်​မူ​လျှင်၊ ထို​သို့​ဖြစ်​နိုင်​ကောင်း​သည်​ဟု ဘု​ရား​သ​ခင်၏​လူ​အား​ဆို​သော်၊ ဘု​ရား​သ​ခင်၏​လူ​က၊ သင်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​သော်​လည်း မ​စား​ရ​ဟု ပြန်​ပြော၏။


ထို​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ဖြစ်၏။ ငါ​တို့​မျက်​မှောက်၌​လည်း အံ့​ဩ​ဖွယ်​ဖြစ်၏။


အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​တော်​ကို​ဆန့်၍၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ ကိုယ်​တော် မ​တတ်​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​ပါ။


ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို အ​စိုး​ရ​သော ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မ​တတ်​နိုင်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​လိမ့်​မည်​လော။


ယေ​ရှု​သည်​လည်း သူ​တို့​ကို​ကြည့်​ရှု၍ ဤ​အ​မှု​ကို လူ​မ​တတ်​နိုင်။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော အ​မှု​တို့​ကို တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။


သင်​သည် ငါ့​စ​ကား​ကို​မ​ယုံ​သော​ကြောင့် ဤ​အ​ကြောင်း​အ​ရာ မ​ဖြစ်​မီ​နေ့​တိုင်​အောင် စ​ကား​မ​ပြော​နိုင်​ဘဲ၊ အ​လျက်​နေ​လိမ့်​မည်။ ငါ့​စ​ကား​သည်​ကား၊ အ​ချိန်​တန်​လျှင် ပြည့်​စုံ​လိမ့်​မည်​ဟု ပြော​ဆို၏။


ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မ​မူ​သော​အ​မှု မ​ရှိ​ဟု ပြော​ဆို​လျှင်၊-


ကိုယ်​တော်​က​လည်း၊ လူ​မ​တတ်​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​သည်​ဟု မိန့်​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ