Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇာ​ခ​ရိ 8:2 - Judson Bible in Zawgyi Version

2 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဇိ​အုန်​တောင်​အ​ဖို့ အ​လွန်​စိတ်​အား​ကြီး​ပြီ။ အ​လွန်​အ​မျက်​ထွက်၍ သူ့​အ​ဖို့ စိတ်​အား​ကြီး​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

2 “ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘ငါ​သည် ဇိအုန်​မြို့​ကို အလွန်​ကြင်နာ​၏​။ ပြင်းစွာ​အမျက်ထွက်​သည့်​တိုင်အောင် ကြင်နာ​၏’​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

2 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန် မြို့​သူ​မြို့​သား​တို့​အ​ပေါ်​၌​ငါ​ထား​ရှိ​သည့် နက်​နဲ​သော​မေတ္တာ​ကြောင့်​သူ​တို့​၏​ရန်​သူ​များ အ​ပေါ်​အ​မျက်​ထွက်​စေ​သည့် ငါ​၏​မေတ္တာ​ကို ထောက်​၍​ငါ​သည်​ထို​မြို့​အား​ကူ​မ​ရန် တောင့်​တ​လျက်​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 8:2
12 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး၊ ဒါ​ဝိဒ်​သည် ရှော​လု​ကို စစ်​တိုက်​သွား​သော ဖိ​လိ​တ္တိ​လူ​တို့​နှင့် လိုက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​မင်း​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို​အပ်၍ မိ​မိ​သ​ခင်​ရှော​လု​ဘက်​သို့ ဝင်​စား​မည်​ဟု​တိုင်​ပင်​ပြီး​မှ ပြန်​စေ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် စစ်​မ​ကူ​ဘဲ ဇိ​က​လတ်​မြို့​သို့​သွား​သော​ကာ​လ၊ သူ့​ဘက်​သို့ ဝင်​စား​သော မ​နာ​ရှေ​အ​မျိုး​သား​ဟူ​မူ​ကား၊


ဖြောင့်​မတ်​ခြင်း တ​ရား​တည်း​ဟူ​သော ရင်​ကျပ်​ကို​ဝတ်​ဆင်၍၊ ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို ဆောင်း​တော်​မူ၏။ အ​ပြစ်​ပေး​ခြင်း အ​ဝတ်​ကို​လည်း​ကောင်း၊ စိတ်​အား​ကြီး​ခြင်း​ဝတ်​လုံ​ကို​လည်း​ကောင်း ယူ​တင်​ဝတ်​ဆောင်​တော်​မူ၏။


ကောင်း​ကင်​ဘုံ​က ငုံ့​ကြည့်​တော်​မူ​ပါ။ သန့်​ရှင်း၍ ဘုန်း​ကြီး​သော​နေ​ရာ​က ကြည့်​ရှု​တော်​မူ​ပါ။ စိတ်​တော်​အား​ကြီး၍ တန်​ခိုး​ကို ပြ​တော်​မူ​ခြင်း၊ က​ရု​ဏာ​တော်​လှုပ်​ရှား၍ အ​ကျွန်ုပ်​တို့​ကို သ​နား​စုံ​မက်​တော်​မူ​ခြင်း​သည် အ​ဘယ်​မှာ​ရှိ​ပါ​သ​နည်း။ ချုပ်​တည်း​တော်​မူ​သ​လော။


သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​တော်​ကို မ​စ​ချင်​သော စိတ်​အား​ကြီး၍ မိ​မိ​လူ​တို့​ကို ကယ်​မ​သ​နား​တော်​မူ​လိမ့်​မည်။


အ​ပြစ်​ရှိ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ယုံ​လွယ်၍ ဒဏ်​ပေး​သော​ဘု​ရား ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ပေး၍ အ​မျက် ပြင်း​ထန်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​ဘက်​ပြု​သော​သူ​တို့​ကို ဒဏ်​ပေး၍၊ ရန်​သူ​တို့​ကို အ​ငြိုး​ထား​တော်​မူ၏။


အ​မျက်​တော်​ရှေ့​မှာ အ​ဘယ်​သူ ရပ်​နိုင်​သ​နည်း။ အ​မျက်​တော်​အ​ရှိန်​ကို အ​ဘယ်​သူ ဆီး​တား​နိုင်​သ​နည်း။ မီး​လောင်​သ​ကဲ့​သို့ အ​မျက်​ထွက်၍၊ ကျောက်​တို့​ကို ဖြို​ချ​တော်​မူ၏။


တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ