Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇာ​ခ​ရိ 8:19 - Judson Bible in Zawgyi Version

19 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​တု​တ္ထ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ပ​ဉ္စ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း၊ ဒ​သ​မ​လ​တွင် အ​စာ​ရှောင်​ခြင်း​တို့​သည် ယု​ဒ​အ​မျိုး​ဝမ်း​မြောက်​ရွှင်​လန်း၍ ပွဲ​လုပ်​ရာ​ကာ​လ ဖြစ်​ကြ​လိမ့်​မည်။ ဖြောင့်​မတ်​ခြင်း​တ​ရား၊ ငြိမ်​ဝပ်​ခြင်း​တ​ရား​ကို နှစ်​သက်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “စတုတ္ထ​လ​အစာရှောင်​ခြင်း​၊ ပဉ္စမ​လ​အစာရှောင်​ခြင်း​၊ သတ္တမ​လ​အစာရှောင်​ခြင်း​၊ ဒသမ​လ​အစာရှောင်​ခြင်း​တို့​သည် ယုဒ​အမျိုးအနွယ်​အဖို့ ရွှင်လန်း​ဝမ်းမြောက်​ဖွယ်​ရာ​၊ ပျော်ရွှင်​ဖွယ်​ရာ​ပွဲတော်​များ ဖြစ်​လိမ့်မည်​။ ထို့ကြောင့် သစ္စာရှိ​ခြင်း​၊ ငြိမ်းချမ်း​ခြင်း​တို့​ကို မြတ်နိုး​ကြ​လော့”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ``စ​တုတ္ထ၊ ပဉ္စ​မ၊ သတ္တ​မ​နှင့်​ဒ​သ​မ​လ​များ တွင်​ကျင်း​ပ​သည့်​အ​စာ​ရှောင်​သည့်​ပွဲ​တော် များ​သည် ယု​ဒ​ပြည်​သား​အ​တွက်​ရွှင်​လန်း ဝမ်း​မြောက်​ဖွယ်​ဖြစ်​လာ​လိမ့်​မည်။ သင်​တို့ သည်​အ​မှန်​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ မှု​ကို​နှစ်​သက်​မြတ်​နိုး​ရ​ကြ​မည်'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 8:19
27 ပူးပေါင်းရင်းမြစ်များ  

ဇေ​ဒ​ကိ​မင်း​နန်း​စံ ကိုး​နှစ်၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ အ​ပေါင်း​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ​သ​ဖြင့်၊ မြို့​ပတ်​လည်၌​တပ်​ချ၍ မြေ​က​တုပ်​တို့​ကို တူး​လုပ်​ပြီး​မှ၊


သ​တ္တ​မ​လ​တွင်၊ ဆွေ​တော်​မျိုး​တော် ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည် လူ​တစ်​ကျိပ်​နှင့်​တ​ကွ လာ၍ ဂေ​ဒ​လိ​ကို​လည်း​ကောင်း၊ မိ​ဇ​ပါ​မြို့၌ ဂေ​ဒ​လိ​ထံ​မှာ​ရှိ​သော ယု​ဒ​လူ​တို့​နှင့် ခါ​လ​ဒဲ​လူ​တို့​ကို​လည်း​ကောင်း သေ​အောင်​လုပ်​ကြံ​လေ၏။


ရှင်​ဘု​ရင်​အ​မိန့်​တော်​စာ ရောက်​လေ​သော အ​ပြည်​ပြည်​အ​မြို့​မြို့၌၊ ယု​ဒ​လူ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ပွဲ​ခံ​ခြင်း၊ မင်္ဂ​လာ​နေ့​စောင့်​ခြင်း​ကို ပြု၍၊ ပြည်​သူ​ပြည်​သား​အ​များ​တို့​သည် ယု​ဒ​လူ​တို့​ကို ကြောက်​ရွံ​သော​ကြောင့် ယု​ဒ​ဘာ​သာ​ကို​ဝင်​ကြ၏။


ထို​အ​ခါ အ​ကျွန်ုပ်​ညည်း​တွား​မြည်​တမ်း​ခြင်း​ကို က​ခုန်​ခြင်း​ဖြစ်​စေ​တော်​မူ၏။ အ​ကျွန်ုပ်​ဝတ်​သော လျှော်​တေ​အ​ဝတ်​ကို​ချွတ်၍၊ ဝမ်း​မြောက်​ခြင်း​ခါး​ပန်း​နှင့် စည်း​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့​အော်​ဟစ်​သံ​ကို​လည်း နား​ထောင်​တော်​မူ၏။


ထို​ကာ​လ၌ သင်​မြွက်​ဆို​ရ​မည်​ကား၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်​ကို အ​မျက်​ထွက်​တော်​မူ​သော်​လည်း၊ တစ်​ဖန်​အ​မျက်​တော်​ငြိမ်း၍၊ အ​ကျွန်ုပ်​ကို နှစ်​သိမ့်​စေ​တော်​မူ၏။


ထာ​ဝ​ရ​ဘု​ရား​ကယ်​လွှတ်​တော်​မူ​သော သူ​တို့​သည် ပြန်​လာ၍၊ သီ​ချင်း​ဆို​လျက်၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း သ​ရ​ဖူ​ကို​ဆောင်း​လျက်၊ ဇိ​အုန်​မြို့​သို့​ရောက်​ကြ​လိမ့်​မည်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၍၊ ဝမ်းနည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​သည် ပြေး​သွား​ရ​လိမ့်​မည်။


သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား ကယ်​လွှတ်​တော်​မူ​သော​သူ​တို့​သည် ပြန်​လာ၍ သီ​ချင်း​ဆို​လျက်၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ဇိ​အုန်​မြို့​သို့ ရောက်​ကြ​လိမ့်​မည်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၍၊ ဝမ်း​နည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​သည် ပြေး​သွား​ရ​လိမ့်​မည်။


သင်​သွား​လော့။ ငါ​ပြန်​ပြော​သည်​အ​တိုင်း၊ သင်​သည် စာ​လိပ်၌ ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​တို့​ကို၊ အ​စာ​ရှောင်​သော နေ့​တွင်၊ ဗိ​မာန်​တော်၌​ရှိ​သော သူ​တို့​အား ဖတ်​လော့။ အ​မြို့​မြို့​အ​ရွာ​ရွာ​က​လာ​သော ယု​ဒ​လူ​တို့​အား​လည်း ဖတ်​လော့။


ဇေ​ဒ​ကိ​မင်း​ကြီး နန်း​စံ​ဆယ်​တစ်​နှစ်၊ စ​တု​တ္ထ​လ​ကိုး​ရက်​နေ့၌ မြို့​ကို​ဖြို​ဖောက်၍၊


ဇေ​ဒ​ကိ​မင်း နန်း​စံ​ကိုး​နှစ်၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိုလ်​ခြေ အ​ပေါင်း​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သို့ စစ်​ချီ​သ​ဖြင့်၊ မြို့​ပတ်​လည်၌​တပ်​ချ၍ မြေ​က​တုတ်​တို့​ကို တူး​လုပ်​ပြီး​မှ၊


အ​တိုး​စား၍ ငွေ​ကို​မ​ချေး၊ အ​ဓ​မ္မ​အ​မှု​ကို လက်​မ​ခံ၊ သူ​တစ်​ပါး​အ​မှု​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊


သ​က္က​ရာဇ်​ကိုး​ခု၊ ဒ​သ​မ​လ​ဆယ်​ရက်​နေ့​တွင်၊ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊


နှစ်​ပေါင်း​များ​စွာ​ပြု​သ​ကဲ့​သို့ ပ​ဉ္စ​မ​လ​တွင် ငို​ကြွေး၍ ခြိုး​ခြံ​စွာ​ကျင့်​ရ​ပါ​မည်​လော​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​တို့​အား မေး​လျှောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ရှ​ရေ​ဇာ၊ ရေ​ဂင်္မေ​လက်​နှင့် သူ​တို့​လူ​များ​ကို ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ စေ​လွှတ်​ကြ​သော​အ​ခါ၊


ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​အား သင်​ဆင့်​ဆို​ရ​မည်​မှာ၊ အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး သင်​တို့​သည် ပ​ဉ္စ​မ​လ​နှင့် သ​တ္တ​မ​လ​တွင် အ​စာ​ရှောင်၍ ငို​ကြွေး​မြည်​တမ်း​သော​အ​ခါ၊ အ​ကယ်​စင်​စစ် ငါ့​အ​လို​ရှိ​သည်​အ​တိုင်း ငါ့​အား အ​စာ​ရှောင်​ကြ​သ​လော။


သင်​တို့ ကျင့်​ရ​မည်​အ​ကျင့်​ဟူ​မူ​ကား၊ သင်​တို့​ရှိ​သ​မျှ​သည် တစ်​ယောက်​နှင့် တစ်​ယောက် မှန်​သော​စ​ကား​ကို ပြော​ကြ​လော့။ မြို့​တံ​ခါး​ဝ​မှာ ဖြောင့်​မတ်​စွာ စီ​ရင်၍၊ တ​ရား​တွေ့​သည်​အ​မှု​ကို ငြိမ်း​စေ​ခြင်း​ငှာ ဆုံး​ဖြတ်​ကြ​လော့။


တစ်​ဖန် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊


ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​တောင်​သို့ ငါ​ပြန်​လာ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ထဲ​မှာ​နေ​မည်။ ယေ​ရု​ရှ​လင်​မြို့​ကို သ​မ္မာ​မြို့​ဟူ၍​လည်း​ကောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တောင်​တော်​ကို သန့်​ရှင်း​သော​တောင် ဟူ၍​လည်း​ကောင်း သ​မုတ်​ကြ​လိမ့်​မည်။


ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ