Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇာ​ခ​ရိ 5:9 - Judson Bible in Zawgyi Version

9 တစ်​ဖန် ငါ​မျှော်​ကြည့်၍၊ တော​ငန်း၏​အ​တောင်​ကဲ့​သို့၊ အ​တောင်​ရှိ​သော မိန်း​မ​နှစ်​ယောက်​တို့​သည်၊ အ​တောင်​တို့၌ ဝိ​ညာဉ်​ပါ​လျက် ထွက်​လာ၍၊ ထို​ဧ​ဖာ​ကို မြေ​ကြီး​နှင့် မိုး​ကောင်း​ကင်​စပ်​ကြား​သို့ ချီ​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 တစ်ဖန် ငါ​မျှော်ကြည့်​လျှင် မိန်းမ​နှစ်​ယောက် ပေါ်လာ​သည်​ကို မြင်​ရ​၏​။ သူ​တို့​သည် လေဟုန်​စီး​ပြီး ပျံဝဲ​လာ​၏​။ ထို​တောင်ပံ​များ​သည် ငှက်ကျား​တောင်ပံ​နှင့် တူ​၏​။ သူ​တို့​သည် ဧဖာ​ကို ချီ​ပြီး မြေကြီး​နှင့် ကောင်းကင်​ကြား​သို့ ပျံသန်း​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​ငှက် ကျား​၏​အ​တောင်​ကဲ့​သို့​ကြီး​မား​သည့် အ​တောင်​များ​နှင့် ငါ့​ထံ​သို့​ပျံ​လာ​နေ​သော အ​မျိုး​သမီး​နှစ်​ဦး​ကို​မြင်​ရ​၏။ သူ​တို့​သည် ခြင်း​တောင်း​ကို​ချီ​ယူ​ကာ​အ​ဝေး​သို့​ပျံ သွား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 5:9
9 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ပင်​တို့၌ ငှက်​တို့​သည် အ​သိုက်​လုပ်​တတ်​ကြ၏။ ထင်း​ရှူး​ပင်​တို့၌ တော​ငန်း​တို့​သည် နေ​ရာ​ကျ​တတ်​ကြ၏။


မိုး​ကောင်း​ကင်၌ ကျင်​လည်​သော တော​ငန်း​သော်​လည်း၊ မိ​မိ​အ​ချိန်​ကို သိ​တတ်၏။ ဥ​ချိုး၊ တီ​တီ​တွတ်၊ ဇ​ရက်​သော်​လည်း၊ မိ​မိ​ပြန်​လာ​ချိန်​ကို မှတ်​တတ်၏။ ငါ၏​လူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို နား​မ​လည်​တတ်။


တံ​ပိုး​မှုတ်​လော့။ ရန်​သူ​သည် ရွှေ​လင်း​တ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်၍ ငါ့​တ​ရား​ကို လွန်​ကျူး​ကြ​ပြီ။


သင်​တို့​သည် ရွံ​ရှာ​ဖွယ်​မှတ်၍ မ​စား​ရ​သော​ငှက်​မျိုး​ဟူ​မူ​ကား၊ ရွှေ​လင်း​တ၊ ပင်​လယ်​လင်း​တ၊ လင်း​ယုန်၊


တော​ငန်း၊ ဒုံး​စပ်​မျိုး၊ ဒုံး​ကု​လား၊ လင်း​နို့​မှ​စ၍၊


ထို​ဧ​ဖာ​ကို အ​ဘယ်​သို့ ချီ​သွား​ကြ​သ​နည်း​ဟု ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား ငါ​မေး​သော်၊


အ​သေ​ကောင်​ရှိ​ရာ၌ ရွှေ​လင်း​တ​တို့​သည် စု​ဝေး​ကြ​လ​တ္တံ့။


ရွှေ​လင်း​တ​ပျံ​တတ်​သ​ကဲ့​သို့ လျင်​မြန်​သော​လူ​မျိုး၊ ကြမ်း​တမ်း​သော​မျက်​နှာ​နှင့် ပြည့်​စုံ​လျက်၊ အ​သက်​ကြီး​သူ​ကို မ​ရို​သေ၊ အ​သက်​ငယ်​သူ​ကို မ​သ​နား​တတ်​သော​လူ​မျိုး​ကို၊ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ထာ​ဝ​ရ​ဘု​ရား​သည်​ခေါ်၍ သင့်​ကို တိုက်​စေ​တော်​မူ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ