ဇာခရိ 5:6 - Judson Bible in Zawgyi Version6 ထိုအရာကား အဘယ်အရာနည်းဟု ငါမေးသော်၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည် ဟူ၍လည်းကောင်း၊ ထိုအရာသည် တစ်ပြည်လုံး၌ သူတို့၏အကြံအစည်ဖြစ်သည် ဟူ၍လည်းကောင်း ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်6 ငါကလည်း “ထိုအရာကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်သော် သူက “လွင့်မျောနေသောဧဖာဖြစ်၍ တစ်ပြည်လုံးကျူးလွန်သောအပြစ်ကို ပုံဖော်၏”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version6 ငါက``ထိုအရာကားအဘယ်နည်း'' ဟု မေးလျှင်၊ ကောင်းကင်တမန်က``ထိုအရာသည်ခြင်း တောင်းတစ်ခုဖြစ်၍တစ်နိုင်ငံလုံး၏အပြစ် ကိုသရုပ်ဆောင်၏'' ဟုပြန်လည်ဖြေကြား လေသည်။- အခန်းကိုကြည့်ပါ။ |
ငါတို့သည် စပါးကို ရောင်းအံ့သောငှာ လဆန်းနေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှာ ဥပုသ်နေ့ လွန်ပါစေဟုဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှာလည်းကောင်း၊ ကျပ်လေးကို ကြီးစေခြင်းငှာလည်းကောင်း လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက် ဆင်းရဲသောသူကို ငွေနှင့်လည်းကောင်း၊ ငတ်မွတ်သောသူကို ခြေနင်းတစ်ရံနှင့်လည်းကောင်း ဝယ်၍၊ ညံ့သောဂျုံဆန်ကိုရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှာ အလွန်အလိုကြီးသောသူတို့၊ ဤစကားကို နားထောင်ကြလော့။