ဇာခရိ 2:4 - Judson Bible in Zawgyi Version4 သင်သည်ပြေး၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန်များသောကြောင့် ရွာတို့၌ နေရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်4 “ထိုလုလင်နောက်သို့ ပြေးသွား၍ ‘ဂျေရုဆလင်မြို့တွင် နေထိုင်သောလူနှင့် တိရစ္ဆာန်တို့သည် အလွန်များပြားလွန်းသဖြင့် ထိုမြို့သည် မြို့ရိုးမရှိသောမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version4 ပထမကောင်းကင်တမန်ကသူ့အား``ယေရု ရှလင်မြို့တွင်နေထိုင်ကြသည့်လူသတ္တဝါ တို့သည်အလွန်ပင်များသဖြင့် ထိုမြို့ကို တံတိုင်းကာနိုင်လိမ့်မည်မဟုတ်ကြောင်းပေ ကြိုးကိုင်ထားသူလူငယ်ထံသို့ပြေး၍ပြော ကြားလော့။- အခန်းကိုကြည့်ပါ။ |
မကောင်းသော လက္ခဏာကင်းလျက်၊ လှသောအဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၍၊ ကောင်းသောဉာဏ်နှင့် တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက်၍၊ နန်းတော်၌ အမှုထမ်းခြင်းငှာ တတ်စွမ်းနိုင်သောလူပျိုတို့ကို ဣသရေလ မင်းမျိုးမင်းသားထဲက ရွေးကောက်၍၊ ခါလဒဲဘာသာအတတ်ကိုသင်စေဟု အမိန့်တော်ရှိ၏။
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါ၏မြို့ရွာတို့သည် အရပ်ရပ်၌ နှံ့ပြား၍ စည်ပင်ကြလိမ့်မည်။ ထာဝရဘုရားသည် ဇိအုန်တောင်သားတို့ကို နှစ်သိမ့်စေဦးမည်။ ယေရုရှလင်မြို့သားတို့ကို ရွေးကောက်၍ ပြုစုဦးမည်ဟု မိန့်တော်မူ၏။