Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇာ​ခ​ရိ 12:13 - Judson Bible in Zawgyi Version

13 လေ​ဝိ၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊ ရှိ​မိ၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 လေဝိ​အမျိုးအနွယ်​၏​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​မယား​များ​တစ်စု​၊ ရှိမိ​မျိုးနွယ်စု​တစ်စု​၊ သူ​တို့​၏​မယား​များ​တစ်စု အပါအဝင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 လေ​ဝိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊ ရှိ​မိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 12:13
16 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​မင်း​ကြီး​သည် ဗာ​ဟု​ရိမ်​မြို့​သို့ ရောက်​သော​အ​ခါ၊ ရှော​လု၏​အ​ဆွေ​အ​မျိုး ဂေ​ရ​သား ရှိ​မိ​အ​မည်​ရှိ​သော​သူ​သည် ကျိန်​ဆဲ​လျက် ထွက်​လာ၏။


ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်၊ ယော​ယ​ဒ​သား ဗေ​နာ​ယ၊ ပ​ရော​ဖက်​နာ​သန်၊ ရှိ​မိ၊ ရေ​ဣ​အ​စ​ရှိ​သော ဒါ​ဝိဒ်၏​မှူး​ကြီး​မတ်​ကြီး​များ​မူ​ကား၊ အ​ဒေါ​နိ​ယ​ဘက်​သို့​မ​ဝင်​ကြ။


ရှိ​မိ​သား​ကား ယာ​ဟတ်၊ ဇိ​ဇ၊ ယု​ရှ၊ ဗေ​ရိ၊ ပေါင်း​လေး​ယောက်​တည်း။


ဂေ​ရ​ရှုံ​အ​မျိုး​သား​ကား၊ လာ​ဒန်​နှင့် ရှိ​မိ​တည်း။


ရှာ​လ​သေ​လ​သား​ကား ဇေ​ရု​ဗ​ဗေ​လ​နှင့် ရှိ​မိ​တည်း။ ဇေ​ရု​ဗ​ဗေ​လ​သား​ကား မေ​ရှု​လံ၊ ဟာ​န​နိ၊ နှ​မ​ရှေ​လော​မိတ်​နှင့်​တ​ကွ၊


ရှိ​မိ​သည် သား​တစ်​ဆယ်​ခြောက်​ယောက်​နှင့် သ​မီး​ခြောက်​ယောက်​တို့​ကို မြင်၏။ သို့​ရာ​တွင် သူ၏​ညီ​အစ်​ကို​တို့၌ သား​မ​များ။ ရှိ​မောင်​အ​မျိုး​သား​တို့​သည် ယု​ဒ​အ​မျိုး​သား​ကဲ့​သို့ မ​ပွား​မ​များ​တတ်။


ဟေ​မန်​အ​မျိုး​သား ယေ​ဟေ​လ​နှင့် ရှိ​မိ၊ ယေ​ဒု​သုန်​အ​မျိုး​သား ရှေ​မာ​ယ​နှင့် ဩ​ဇေ​လ​တို့​သည်၊


တစ်​ပြည်​လုံး အ​မျိုး​အ​နွယ်​အ​သီး​အ​သီး တစ်​မျိုး​တ​ခြား​စီ ငို​ကြွေး​မြည်​တမ်း ကြ​လိမ့်​မည်။ ဒါ​ဝိဒ်​မင်း၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊ နာ​သန်၏ အ​ဆွေ​အ​မျိုး​တ​ခြား၊ သူ​တို့​မိန်း​မ​များ တ​ခြား၊


ကျန်​ကြွင်း​သော အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် တစ်​မျိုး​တ​ခြား​စီ၊ သူ​တို့​မိန်း​မ​များ တစ်​စု​တ​ခြား​စီ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။


မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် ဂေ​ရ​ရှုန်​သား​တို့၏​နာ​မည်​ကား လိ​ဗ​နိ​နှင့်​ရှိ​မိ​တည်း။


မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် ကော​ဟတ်​သား​တို့၏​နာ​မည်​ကား၊ အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။


မိ​မိ​အ​ဆွေ​အ​မျိုး​အ​လိုက် မေ​ရာ​ရိ​သား​တို့၏​နာ​မည်​ကား မ​ဟာ​လိ​နှင့်​မု​ရှိ​တည်း၊၊ ဤ​သူ​တို့​သည် မိ​မိ​ဘိုး​ဘ​အ​မျိုး​အ​လိုက်​ရေ​တွက်​သော လေ​ဝိ​အ​မျိုး​အ​နွယ် ဖြစ်​ကြ၏။


ဂေ​ရ​ရှုန်​မှ​ဆင်း​သက်​လာ​သော လိ​ဗ​နိ​အ​ဆွေ​အ​မျိုး၊ ရှိ​မိ​အ​ဆွေ​အ​မျိုး​တို့​သည် ဂေ​ရ​ရှုန်​အ​မျိုး​အ​နွယ်​ဖြစ်​ကြ၏၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ