Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဇာ​ခ​ရိ 1:9 - Judson Bible in Zawgyi Version

9 ငါ​က​လည်း၊ အို သ​ခင်၊ ထို​သူ​တို့​ကား အ​ဘယ်​သူ​နည်း​ဟု မေး​သော်၊ ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​က၊ ထို​သူ​တို့​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို ငါ​ပြ​မည်​ဟု ဆို​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

9 ငါ​က​လည်း “​သခင်​၊ အကျွန်ုပ်​မြင်​ရ​သော​ဤ​အရာ​များ​ကား မည်သို့ ဆိုလို​သနည်း​”​ဟု မေးလျှောက်​လျှင် ငါ​နှင့်​စကားပြော​နေ​သော​ကောင်းကင်တမန်​က “​ဤ​အရာ​များ မည်သို့​ဆိုလို​သည်​ကို သင့်​အား ငါ​ပြ​မည်​”​ဟု မိန့်ဆို​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

9 ငါ​က​လည်း``အ​ရှင်​ဤ​မြင်း​များ​ကား အ​ဘယ်​အ​တွက်​ဖြစ်​ပါ​သ​နည်း'' ဟု​မေး လျှင် ကောင်း​ကင်​တ​မန်​က``သူ​တို့​အ​ဘယ်​အ​တွက် ဖြစ်​သည်​ကို​ငါ​ဖော်​ပြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 1:9
17 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က​လည်း၊ ယာ​ကုပ်​ဟု အိပ်​မက်၌ ငါ့​ကို​ခေါ်​လျှင်၊ ကျွန်ုပ်​ရှိ​ပါ၏​ဟု​ငါ​ထူး၏။


အ​နား၌ ရပ်​နေ​သော သူ​တစ်​ယောက်​ထံ​သို့ သွား၍၊ ယ​ခု​မြင်​သ​မျှ​ကား၊ အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​သော်၊


ထာ​ဝ​ရ​ဘု​ရား​သည် ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား ကောင်း​သော​စ​ကား၊ နှစ်​သိမ့်​စေ​သော​စ​ကား ပြန်​ပြော​တော်​မူ၏။


ငါ​နှင့် ပြော​ဆို​သော ကောင်း​ကင်​တ​မန်​အား​လည်း၊ ထို​ဦး​ချို​တို့​ကား အ​ဘယ်​သို့​နည်း​ဟု မေး​မြန်း​သော်၊ ထို​ဦး​ချို​တို့​သည် ယု​ဒ​ပြည်၊ ဣ​သ​ရေ​လ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော ဦး​ချို​ဖြစ်​သည်​ဟု ပြန်​ပြော၏။


ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သည်​ထွက်​သွား​သော်၊ အ​ခြား​သော​ကောင်း​ကင်​တ​မန်​သည် ကြို​ဆို​လျက်၊


ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သည် ပြန်​လာ၍၊ အိပ်​ပျော်​သော​သူ​ကို နှိုး​သ​ကဲ့​သို့ ငါ့​ကို​နှိုး​လျက်၊


ငါ​က​လည်း၊ မီး​ခုံ​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်၌​ရှိ​သော ထို​သံ​လွင်​ပင်​နှစ်​ပင်​ကား အ​ဘယ်​သို့​နည်း ဟူ၍​လည်း​ကောင်း၊


တစ်​ဖန် ငါ​နှင့်​ပြော​ဆို​သော ကောင်း​ကင်​တ​မန်​သည် ထွက်၍၊ ယ​ခု​ထွက်​လာ​သော​အ​ရာ​ကို မျှော်​ကြည့်​လော့​ဟု ငါ့​အား​ဆို​လျှင်၊


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ