ဇာခရိ 1:21 - Judson Bible in Zawgyi Version21 ငါကလည်း၊ ဤသူတို့သည် အဘယ်အမှုကို ပြုခြင်းငှာလာပါသနည်းဟု မေးလျှောက်သော်၊ ကောင်းကင်တမန်က၊ ထိုဦးချိုတို့သည် အဘယ်သူမျှမျှော်၍ မကြည့်ဝံ့အောင်၊ ယုဒပြည်သားတို့ကို ကွဲပြားစေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒပြည်သားတို့ကို ကွဲပြားစေခြင်းငှာ တိုက်လာသောထိုဦးချိုတို့ကို ခြိမ်းမောင်း၍၊ တစ်ပါးအမျိုး၏ဦးချိုတို့ကို ရှုတ်ချသောသူ ဖြစ်ကြသည်ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်21 ထိုအခါ ငါကလည်း “ဤသူတို့သည် မည်သည့်အတွက် လာကြသနည်း”ဟု မေးလျှောက်လျှင် ကိုယ်တော်က “ဤချိုများသည် ယုဒလူမျိုးတစ်ယောက်မျှ ခေါင်းမဖော်ဝံ့အောင် ကွဲလွင့်စေသောချိုများ ဖြစ်၏။ ဤသူတို့မူကား ချိုထောင်၍ ယုဒလူမျိုးကိုကွဲလွင့်စေသောလူမျိုးခြားတို့ ကြောက်ရွံ့တုန်လှုပ်သွားအောင် သူတို့၏ချိုများကို ချိုးပစ်ရန် ရောက်လာခြင်းဖြစ်သည်”ဟု ပြန်ဖြေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version21 ငါကလည်း``ဤသူတို့သည်အဘယ်မှုကို ပြုရန်ရောက်ရှိလာကြပါသနည်း'' ဟုမေး လျှောက်လေလျှင်၊ ကိုယ်တော်က``သူတို့သည်ယုဒအမျိုးသား တို့အားကွဲလွင့်စေ၍အကုန်အစင်ဖျက်ဆီး ချေမှုန်းခဲ့သည့်လူမျိုးတို့အား တုန်လှုပ်ချောက် ချားစေ၍ဖြိုခွင်းနှိမ်နင်းရန်ရောက်ရှိလာ ခြင်းဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်း သူတို့၏အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူအရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဖက်ကို ကောင်းကင်သို့ချီလျက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆိုသည်ကို ငါကြား၏။