Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တိတုဩဝါဒစာ 1:8 - Judson Bible in Zawgyi Version

8 ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ သူ​တော်​ကောင်း​နှင့် အ​ဆွေ​ဖွဲ့​သော​သူ၊ ဣ​နြေ္ဒ​စောင့်​သော​သူ၊ ဖြောင့်​မတ်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ကာ​မ​ဂုဏ်​ကို ချုပ်​တည်း​သော​သူ​ဖြစ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

8 ဧည့်ဝတ်​ကျေပွန်​သော​သူ၊ ကောင်းမြတ်​သော​အရာ​ကို​နှစ်သက်​သော​သူ၊ ဣနြေ္ဒ​စောင့်​သော​သူ၊ ဖြောင့်မတ်​သော​သူ၊ သန့်ရှင်း​သော​သူ၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​နိုင်​သော​သူ​ဖြစ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

8 ဧည့်​သည်​ဝတ်​ကို​ပြု​တတ်​သူ၊ ကောင်း​မြတ်​သည့် အ​ရာ​ကို​နှစ်​သက်​တတ်​သူ​ဖြစ်​ရ​မည်။ သူ​သည် မိ​မိ​ကိုယ်​ကို​ထိန်း​ချုပ်​နိုင်​ရ​မည်။ ဖြောင့်​မတ် ရ​မည်။ ဘု​ရား​တ​ရား​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ စည်း​ကမ်း​သေ​ဝပ်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




တိတုဩဝါဒစာ 1:8
17 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​ကို ခ​မည်း​တော်​အ​ရာ၌ ဘိ​သိက်​ပေး​ကြောင်း​ကို တု​ရု​မင်း​ကြီး​ဟိ​ရံ​သည် ကြား​လျှင်၊ ဒါ​ဝိဒ်​နှင့်​အ​စဉ် မိတ်​ဆွေ​ဖွဲ့​သော​သူ​ဖြစ်၍၊ မိ​မိ​ကျွန်​တို့​ကို စေ​လွှတ်​လေ၏။


ရှော​လ​မုန်​မင်း၏​စ​ကား​ကို ဟိ​ရံ​မင်း​သည်​ကြား​လျှင် အ​လွန်​ဝမ်း​မြောက်၍၊ ထို​လူ​မျိုး​ကြီး​ကို အ​စိုး​ရ​သော​သား​ကို ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့ မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဆို​လျက်၊


ပြည်​တော်၌​နေ​သော​သန့်​ရှင်း​သူ​နှင့် ထူး​ဆန်း​သော​သူ​တို့​ကို​သာ နှစ်​သက်​ပါ၏။


ဒု​စ​ရိုက်​ကို​မုန်း၍ သု​စ​ရိုက်​ကို ချစ်​ကြ​လော့။ မြို့​တံ​ခါး​ဝ​တွင် တ​ရား​ကို တည်​စေ​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျန်​ကြွင်း​သော ယော​သပ်​အ​မျိုး​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။


ထို​အ​ခါ ရှု​မောင်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၏။ ထို​သူ​သည် ဖြောင့်​မတ်​သော​သူ၊ တ​ရား​ကို​ရို​သေ​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သက်​သာ​ခြင်း​အ​ကြောင်း​ကို မျှော်​လင့်​သော​သူ ဖြစ်၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်၌ တည်​သည်​ဖြစ်၍၊-


ပေါ​လု​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း တ​ရား​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော စစ်​ကြော​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း ဟော​ပြော​လျှင်၊ ဖေ​လဇ်​မင်း​သည် ကြောက်​လန့်​ခြင်း​သို့ ရောက်၍၊ ယ​ခု​သွား​ဦး​လော့။ နောက်​မှ​အ​ဆင်​သင့်​သော​အ​ခါ ငါ​ခေါ်​ဦး​မည်​ဟု ဆို၏။-


မိ​မိ​နိုင်​ငံ​တော်​နှင့် ဘုန်း​တော်​ထဲ​သို့၊ သင်​တို့​ကို ခေါ်​သွင်း​တော်​မူ​သော ဘု​ရား​သ​ခင်​နှင့် အ​ထိုက်​အ​လျောက် သင်​တို့​သည် ကျင့်​ဆောင်​စေ​ခြင်း​ငှာ၊ အ​ဘ​သည် မိ​မိ​သား​တို့​ကို ပြု​သ​ကဲ့​သို့ ငါ​တို့​သည် သင်​တို့​ရှိ​သ​မျှ​ကို အ​ဘယ်​သို့ တိုက်​တွန်း​သွေး​ဆောင်၍ မှာ​ထား​သည်​ကို သင်​တို့​သိ​ကြ​သည်​နှင့်​အ​ညီ၊ ယုံ​ကြည်​ခြင်း​သို့​ရောက်​သော သင်​တို့​တွင် ငါ​တို့​သည် အ​ဘယ်​သို့ သန့်​ရှင်း​ဖြောင့်​မတ်​လျက်၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​လျက်​နေ​ကြ​သည်​ကို သင်​တို့​သည် သက်​သေ​ဖြစ်​ကြ၏။ ဘု​ရား​သ​ခင်​သည်​လည်း သက်​သေ​ဖြစ်​တော်​မူ၏။


ထို​ကြောင့်၊ သင်း​အုပ်​သည် အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ၊ မ​ယား​တစ်​ယောက်​တည်း​ရှိ​သော​သူ၊ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ ဣ​နြေ္ဒ​စောင့်​သော​သူ၊ လျောက်​ပတ်​စွာ ကျင့်​သော​သူ၊ ဧည့်​သည်​ဝတ်​ကို ပြု​တတ်​သော​သူ၊ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တတ်​သော​သူ ဖြစ်​ရ​မည်။-


သင်၏ အ​သက်​အ​ရွယ်​နု​ပျို​သည်​ကို အ​ဘယ်​သူ​မျှ မ​ထီ​မဲ့​မြင် မ​ပြု​စေ​နှင့်။ စ​ကား​ပြော​ခြင်း၊ ကျင့်​ကြံ​ပြု​မူ​ခြင်း၊ သူ​တစ်​ပါး​ကို​ချစ်​ခြင်း၊ ဝိ​ညာဉ်​သ​ဘော​ရှိ​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း၊ စင်​ကြယ်​ခြင်း​အ​ရာ​မှာ၊ ယုံ​ကြည်​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ပြ​လော့။-


သို့​ဖြစ်၍၊ အို ဘု​ရား​သ​ခင်၏​လူ၊ သင်​သည် ထို​အ​ပြစ်​များ​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​စွာ ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း၊ ယုံ​ကြည်​ချင်း၊ ချစ်​ခြင်း၊ သည်း​ခံ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-


လူ​ပျို​တို့၏ တပ်​မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​ရှိ​ခြင်း၊ ချစ်​ခြင်း၊ စင်​ကြယ်​သော​စိတ်​ရှိ၍၊ သ​ခင်​ဘု​ရား​ကို​ပ​တ္ထ​နာ​ပြု​သော သူ​တို့​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။-


ပ​က​တိ ကြင်​နာ​စုံ​မက်​ခြင်း​နှင့် ကင်း​သော​သူ၊ ရန်​ငြိုး​ဖွဲ့​သော​သူ၊ ချော​စား​တတ်​သော​သူ၊ ကိုယ်​ဣ​နြေ္ဒ​ကို မ​ချုပ်​တည်း​နိုင်​သော​သူ၊ ပြင်း​ထန်​သူ၊ သူ​တော်​ကောင်း​ကို မုန်း​သော​သူ၊-


အ​ရာ​ရာ၌ ကောင်း​သော​အ​ကျင့်​တို့၏ ပုံ​သက်​သေ​ကို ကိုယ်​တိုင်​ပြ​လော့။ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​အ​ခါ၊ မိ​စ္ဆာ​ဒိ​ဋ္ဌိ​နှင့်​ကင်း​ခြင်း၊ တည်​ကြည်​ခြင်း၊-


ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​တို့​ကို ချစ်​သော​ကြောင့်၊ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကိုယ်​ကူး​မြောက်​သည်​ကို ကိုယ်​သိ​ရ​ကြ၏။ မိ​မိ ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် သေ​ခြင်း၌​တည်၏။-


ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​သည်​ကို ယုံ​ကြည်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​ဖြစ်​ဖွား​စေ​တော်​မူ​သော​သူ​ဖြစ်၏။ အ​ဘ​ကို​ချစ်​သော​သူ​သည် သား​ကို​လည်း ချစ်​တတ်​သည်​နှင့်​အ​ညီ၊-


ထို​သို့​လျှောက်​ပြီး​သည်​နောက်၊ ရှော​လု၏​သား ယော​န​သန် စိတ်​နှ​လုံး​သည် ဒါ​ဝိဒ်​စိတ်​နှ​လုံး​နှင့် စွဲ​ကပ်​လျက်​ရှိ၍ ဒါ​ဝိဒ်​ကို ကိုယ်​နှင့်​အ​မျှ​ချစ်​လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ