သီချင်း 8:12 - Judson Bible in Zawgyi Version12 ငါပိုင်သော စပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတစ်ထောင်ကို ကိုယ်တော်အားဆက်၍ အသီးကိုစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်12 အကျွန်ုပ်ပိုင်သော စပျစ်ခြံသည် အကျွန်ုပ်ရှေ့၌ ရှိပါ၏။ အို ရှောလမုန်မင်းကြီး၊ အရှင်က ငွေစတစ်ထောင်ယူပါ။ စပျစ်ခြံလုပ်သားတို့ကား ငွေစနှစ်ရာယူပါ။” အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version12 ရှောလမုန်မင်းသည် မိမိရထိုက်သည့် ငွေတစ်ထောင်ကိုလည်းကောင်း မင်းကြီး၏ဥယျာဉ်စောင့်တို့သည်မိမိတို့ဝေစု ငွေသားနှစ်ရာစီကိုလည်းကောင်းယူနိုင်ကြပါ၏။ ငါသည်မိမိ၏ကိုယ်ပိုင်ဥယျာဉ်ကိုမိမိလက်ဝယ် သိမ်းထားပါ၏။ အခန်းကိုကြည့်ပါ။ |
လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ၍လည်းကောင်း၊ အသက်ရှင်သောသူတို့သည် တစ်ဖန် ကိုယ်အလိုသို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့၏အလိုသို့ လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည် ဟူ၍လည်းကောင်း၊ ငါတို့သည် သဘောထားလျက်၊ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေးဆောင်၏။-