ရုသဝတ္ထု 4:1 - Judson Bible in Zawgyi Version1 ထိုအခါ ဗောဇသည် မြို့တံခါးဝသို့သွား၍ ထိုင်သဖြင့်၊ မနေ့ကပြောသော အမျိုးသားချင်း လျှောက်သွားသည်ကိုမြင်လျှင်၊ အိုမည်သူ၊ လှည့်၍ထိုင်ပါတော့ဟု ခေါ်သည်အတိုင်း သူသည် လှည့်၍ထိုင်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ဗောဇသည် မြို့တံခါးဝသို့သွား၍ထိုင်နေစဉ် သူပြောခဲ့ဖူးသည့် ရွေးနုတ်ခွင့်ရှိသူ ဖြတ်လာသည်ကိုမြင်၏။ ထိုအခါ ဗောဇက“မိတ်ဆွေ၊ လာထိုင်ပါဦး”ဟု ဖိတ်ခေါ်သဖြင့် ထိုသူလည်း လာထိုင်လေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ဗောဇသည်မြို့တံခါးဝရှိတရားစီရင်ရာ ဌာနသို့ သွား၍ထိုင်လျက်နေ၏။ ထိုအခါ ဧလိမလက်၏အရင်းအချာဆုံးသောဆွေ မျိုးသားချင်းဖြစ်သူသည် ရောက်ရှိလာလေ သည်။ ထိုသူကားယခင်ကဗောဇဖော်ပြခဲ့ သူပင်ဖြစ်၏။ ဗောဇကသူ့အား``မိတ်ဆွေ၊ ဤ နေရာသို့လာ၍ထိုင်ပါလော့'' ဟုဆိုသဖြင့် သူသည်လာ၍ထိုင်၏။- အခန်းကိုကြည့်ပါ။ |
အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှာ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက၊ သင်သည် အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင်၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊