Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရုသဝတ္ထု 1:22 - Judson Bible in Zawgyi Version

22 ထို​သို့​မော​ဘ​ပြည်​မှ လိုက်​လာ​သော မော​ဘ​ပြည်​သူ ချွေး​မ​ရု​သ​နှင့်​အ​တူ နော​မိ​သည်​ပြန်​လာ၍၊ မု​ယော​စ​ပါး​ကို ရိတ်​စ​ကာ​လ၌ ဗက်​လင်​မြို့​သို့​ရောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

22 ဤသို့ဖြင့် နောမိ​သည် သူ​၏​ချွေးမ မောဘ​သမီးပျို​ရုသ​နှင့်အတူ မောဘ​ပြည်​မှ ပြန်လာ​၍ မုယောစပါး​ရိတ်သိမ်း​စ​အချိန်​တွင် ဗက်လင်​မြို့​သို့ ရောက်လာ​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

22 ဤ​ကား​နော​မိ​သည် ချွေး​မ​ဖြစ်​သူ​မော​ဘ အ​မျိုး​သ​မီး​ရု​သ​နှင့်​အ​တူ မော​ဘ​ပြည် မှ​ပြန်​လည်​ရောက်​ရှိ​လာ​ပုံ​ဖြစ်​ပေ​သည်။ သူ တို့​နှစ်​ယောက်​သည်​မု​ယော​စ​ပါး​ရိတ်​သိမ်း စ​အ​ချိန်​၌ ဗက်​လင်​မြို့​သို့​ရောက်​ရှိ​လာ ကြ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရုသဝတ္ထု 1:22
6 ပူးပေါင်းရင်းမြစ်များ  

ဂိ​ဗောင်​လူ​တို့​လက်​သို့​အပ်​သ​ဖြင့်၊ သူ​တို့​သည် တောင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ဆွဲ​ထား၍၊ ထို​သူ​ခု​နစ်​ယောက်​တို့​သည် မု​ယော​စ​ပါး​ရိတ်​စ​ကာ​လ၊ တစ်​နေ့​ချင်း​တွင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ၍ တစ်​ပြိုင်​နက်​သေ​ကြ၏။


သင်​တို့​သည် ငါ​ပေး​သော​ပြည်​သို့​ရောက်၍ စ​ပါး​ကို​ရိတ်​သော​အ​ခါ၊ အ​ဦး​ရိတ်​သော ကောက်​လှိုင်း​တစ်​စည်း​ကို ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ဆောင်​ခဲ့​ရ​မည်။


သင်​တို့​သည် စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​သည် ဥ​ပုသ်​နေ့​လွန်​မှ၊ နက်​ဖြန်​နေ့​တွင် ထို​ကောက်​လှိုင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရ​မည်။


သူ​သည် မု​ယော​စ​ပါး၊ ဂျုံ​စ​ပါး​ရိတ်​ခြင်း​အ​မှု ပြီး​သည်​တိုင်​အောင် ဗော​ဇ၏​ကျွန်​မ​တို့၌ မှီ​ဝဲ​လျက်၊ စ​ပါး​ကျန်​ကို​ကောက်၍ ယော​က္ခ​မ​ထံ​မှာ နေ​လေ၏။


လယ်​ခေါင်း​က၊ မော​ဘ​ပြည်​မှ နော​မိ​နှင့်​အ​တူ​လိုက်​လာ​သော မော​ဘ​အ​မျိုး​သ​မီး ဖြစ်​ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ