Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရုသဝတ္ထု 1:19 - Judson Bible in Zawgyi Version

19 ထို​သူ​နှစ်​ယောက်​တို့​သည် ခ​ရီး​သွား၍ ဗက်​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ တစ်​မြို့​လုံး အုတ်​အုတ်​ကျက်​ကျက်​ဖြစ်၍၊ ဤ​သူ​ကား နော​မိ​ဟုတ်​သ​လော​ဟု မေး​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 သူ​တို့​နှစ်​ယောက် ဗက်လင်​မြို့​သို့ ခရီးဆက်​လာ​ခဲ့​ကြ​၏​။ ဗက်လင်​မြို့​သို့​ရောက်​သောအခါ သူ​တို့​ကို​မြင်​သည်​နှင့် တစ်မြို့လုံး ပွက်လောရိုက်​သွား​လေ​၏​။ အမျိုးသမီး​တို့​က “​ဤ​သူ​ကား နောမိ​လော​”​ဟု မေးမြန်း​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 သူ​တို့​သည်​ဗက်​လင်​မြို့​သို့​ရောက်​သည်​တိုင် အောင် ဆက်​လက်​သွား​ကြ​၏။ သူ​တို့​ရောက်​ရှိ ကြ​သော​အ​ခါ တစ်​မြို့​လုံး​လှုပ်​လှုပ်​ရှား​ရှား ဖြစ်​လျက်​အ​မျိုး​သ​မီး​များ​က``ဤ​သူ သည်​အ​ကယ်​ပင်​နော​မိ​ပေ​လော'' ဟု​မေး မြန်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရုသဝတ္ထု 1:19
6 ပူးပေါင်းရင်းမြစ်များ  

ဗက်​လင်​အ​ဘ စ​လ​မ၊ ဗက်​ဂါ​ဒါ​အ​ဘ ဟာ​ရပ်​တည်း။


ဤ​မြို့​သည် ရှေး​ကာ​လ၌​တည်​သ​ဖြင့် သင်​တို့ ရွှင်​လန်း​သော​မြို့​လော။ ဝေး​သော​အ​ရပ်၌ တည်း​ခို​ခြင်း​ငှာ၊ မိ​မိ​ခြေ​တို့​သည် မိ​မိ​ကို​ဆောင်​သွား​ကြ၏။


လမ်း၌ လျှောက်​သွား​သ​မျှ​သော​သူ​တို့​က၊ ဂုဏ်​သ​ရေ​အ​ထွဋ်၊ မြေ​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ​ဘွဲ့​ရှိ​သော မြို့​ကား ဤ​မြို့​လော​ဟု၊ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​ကို လက်​ခုပ်​တီး​လျက်၊ ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ ခေါင်း​ကို ညိတ်​လျက် မေး​တတ်​ကြ၏။


ယေ​ရု​ရှ​လင်​မြို့​သို့ ဝင်​တော်​မူ​သော​အ​ခါ တစ်​မြို့​လုံး အုတ်​အုတ်​သဲ​သဲ​ဖြစ်၍၊ ဤ​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ​လျှင်၊-


သူ​က​လည်း နော​မိ​ဟူ၍ မ​ခေါ်​ပါ​နှင့်။ မာ​ရ​ဟူ၍ ခေါ်​ပါ။ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​အား အ​လွန်​ခါး​သော​အ​ရာ​ကို ပေး​တော်​မူ​ပြီ။


လယ်​ခေါင်း​က၊ မော​ဘ​ပြည်​မှ နော​မိ​နှင့်​အ​တူ​လိုက်​လာ​သော မော​ဘ​အ​မျိုး​သ​မီး ဖြစ်​ပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ