Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 9:16 - Judson Bible in Zawgyi Version

16 ထို​ကြောင့်၊ လို​ချင်​သော​သူ​သည် တတ်​နိုင်​သည် မ​ဟုတ်။ ပြေး​သော​သူ​သည်​လည်း တတ်​နိုင်​သည်​မ​ဟုတ်။ ကျေး​ဇူး​ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သာ​လျှင် တတ်​နိုင်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

16 ထို့ကြောင့် ဤ​အရာ​သည် လူ​၏​အလိုဆန္ဒ​အပေါ်၌​လည်းကောင်း၊ ကြိုးစား​အားထုတ်​မှု​အပေါ်၌​လည်းကောင်း မ​မူတည်​ဘဲ ကရုဏာ​ထား​တော်မူ​သော​ဘုရားသခင်​အပေါ်၌​သာ မူတည်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

16 ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​ရွေး​ချယ်​မှု​သည် လူ​၏​အ​လို​ဆန္ဒ​သို့​မ​ဟုတ်​လူ​၏​ကြိုး​စား အား​ထုတ်​မှု​အ​ပေါ်​တွင်​မ​တည်။ ကိုယ်​တော် ၏​က​ရု​ဏာ​တော်​အ​ပေါ်​၌​သာ​တည်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 9:16
20 ပူးပေါင်းရင်းမြစ်များ  

တန်​ခိုး​တော်​ပြ​သော နေ့​ရက်​ကာ​လ၌၊ ကိုယ်​တော်၏​လူ​တို့​သည် သန့်​ရှင်း​သော တန်​ဆာ​ကို​ဆင်​လျက်၊ ကြည်​ညို​သော​စေ​တ​နာ​စိတ်​ရှိ၍၊ လူ​ပျို​တော်​တို့​သည် နံ​နက်​ဝမ်း​ထဲ​က​ထွက်​သော ဆီး​နှင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။


ငါ့​ကို မ​မေး​မ​လျှောက်​သော သူ​တို့၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ ငါ့​ကို မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့​ရ​ကြ​ပြီ။ ငါ့​ကို ကြည့်​ကြ​လော့။ ကြည့်​ကြ​လော့​ဟု ငါ့​နာ​မ​ကို ပ​တ္ထ​နာ​မ​ပြု​သော လူ​မျိုး​အား ငါ​ပြော​ဆို​ပြီ။


ငါ၏​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သား​တော်​ကို​မ​သိ။ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ကို​မ​သိ။-


တစ်​ဖန်​မာရ်​နတ်​သည် ယေ​ရှု​ကို အ​လွန်​မြင့်​လှ​စွာ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌ ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို​လည်း​ကောင်း၊ ထို​တိုင်း​နိုင်​ငံ​တို့၏ ဘုန်း​စည်း​စိမ်​ကို​လည်း​ကောင်း ပြ​ညွှန်၍၊-


ထို​အ​ခါ​ယေ​ရှု​သည် ဝမ်း​မြောက်​တော်​မူ​ခြင်း စိတ်​ရှိ​သ​ဖြင့်၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ သော​အ​ဘ၊ ကိုယ်​တော်​သည် ပ​ညာ​အ​လိ​မ္မာ​နှင့် ပြည့်​စုံ​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို ထိမ်​ဝှက်​ကွယ်​ထား​လျက် သူ​ငယ်​တို့​အား ဖော်​ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ၏။ ထို​သို့​အ​လို​တော်​ရှိ​သော​ကြောင့် မှန်​ပါ၏။ အ​ဘ။-


လေ​သည် အ​လို​ရှိ​တိုင်း​သွား​လာ၏။ လေ၏​အ​သံ​ကို သင်​သည်​ကြား​ရ​သော်​လည်း အ​ဘယ်​အ​ရပ်​က​ဖြစ်​သည်၊ အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို မ​သိ​နိုင်။ ထို​နည်း​တူ ဝိ​ညာဉ်​တော်​မွေး​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။


ဘု​ရား​သ​ခင် ရွေး​ကောက်​တော်​မူ​ခြင်း​နှင့် ယှဉ်​သော​အ​ကြံ​တော်​သည် အ​ကျင့်​အား​ဖြင့် မ​တည်၊ ခေါ်​တော်​မူ​သော​သူ၏ အ​လို​တော်​အား​ဖြင့် တည်​မည်​အ​ကြောင်း၊ သား​မ​ဖွား​မီ၊ ထို​သား​တို့​သည် ကောင်း​သော​အ​ကျင့်၊ မ​ကောင်း​သော​အ​ကျင့်​ကို မ​ကျင့်​မီ၊-


ဗျာ​ဒိတ်​တော်​အ​တိုင်း​ပင် သွား​သည်​ဖြစ်၍၊ တစ်​ပါး​အ​မျိုး​တို့၌ ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထို​အ​ခါ ငါ​ကြား​ပြော​လေ၏။ ထို​သို့​ဆို​သော် ငါ​ဆောင်​ရွက် ခဲ့​ပြီး​သော​အ​မှု​နှင့် နောက်၌ ဆောင်​ရွက် လ​တ္တံ့​သော​အ​မှု​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သ​ရေ ထင်​ရှား​သော သူ​တို့​အား​သာ တိတ်​ဆိတ်​စွာ​ကြား​ပြော၏။-


ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။-


အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။-


နိ​မ္မိ​တ​သ​တ္တ​ဝါ​တို့​တွင် ငါ​တို့​သည် အ​ဦး​သီး​သော​အ​သီး​ကဲ့​သို့ ဖြစ်​စေ​ခြင်း​ငှာ၊ သ​မ္မာ​တ​ရား​စ​ကား​အား​ဖြင့် မိ​မိ​အ​လို​တော်​အ​တိုင်း ငါ​တို့​ကို ဖြစ်​ဖွား​စေ​တော်​မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ