ရောမဩဝါဒစာ 7:5 - Judson Bible in Zawgyi Version5 ငါတို့သည် ဇာတိပကတိ၌ ကျင်လည်သောအခါ၊ အပြစ်နှင့်စပ်ဆိုင်သော စိတ်တို့သည် ပညတ်တရားအားဖြင့်ပေါက်၍ သေခြင်းတရား၏အလိုနှင့်အညီ တိုးပွားမည်အကြောင်း၊ ငါတို့၏ကိုယ်အင်္ဂါများ၌ ပြုပြင်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်5 အကြောင်းမူကား ငါတို့သည် သွေးသားဇာတိ၌တည်လျက်ရှိစဉ်က ပညတ်တရားကြောင့်ဖြစ်ပေါ်လာသည့် ပြင်းပြသောအပြစ်ပြုလိုစိတ်သည် ငါတို့၏ကိုယ်အင်္ဂါများ၌ သက်ဝင်လှုပ်ရှားနေသဖြင့် သေခြင်းအတွက် အသီးများဖြစ်ထွန်းစေ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version5 ငါတို့သည်လူ့ဇာတိသဘောကိုလိုက်လျော ၍ အသက်ရှင်ကြစဉ်အခါကပညတ်တရား ၏လှုံ့ဆော်ချက်အရအပြစ်ကူးလိုစိတ်သည် ငါတို့ကိုယ်ခန္ဓာအတွင်း၌ထကြွလှုပ်ရှား ကာငါတို့ပြုသမျှသည်သေမင်းအဖို့ ဖြစ်ခဲ့၏။- အခန်းကိုကြည့်ပါ။ |
ထိုသို့ငါဆိုသော်၊ သင်တို့သည် ဇာတိပကတိအတိုင်း ဉာဏ်နည်းသောကြာင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ကိုယ်အင်္ဂါများကို အဓမ္မအလိုငှာ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေဖူးသည်နည်းတူ၊ ယခုမှာ ကိုယ်အင်္ဂါများကိုသန့်ရှင်းခြင်းအလိုငှာ၊ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြလော့။-
အကြောင်းမူကား၊ အထက်က ငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ အချင်းချင်းမုန်းသောသူ ဖြစ်ကြ၏။-