ရောမဩဝါဒစာ 6:17 - Judson Bible in Zawgyi Version17 သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်ဖူးသော်လည်း၊ ယခုတွင်ခံခဲ့ပြီးသော ဩဝါဒနည်းဥပဒေသစကားကို စေတနာစိတ်နှင့် နားထောင်ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်17 သင်တို့သည် အပြစ်၏ကျွန်ဖြစ်ခဲ့ကြသော်လည်း သင်တို့ခံယူရရှိသော သွန်သင်ချက်၏နည်းဥပဒေသကို စိတ်နှလုံးနှင့်တကွနာခံကြသဖြင့် အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version17 သင်တို့သည်အခါတစ်ပါးကအပြစ်တရား ၏ကျွန်ဖြစ်ခဲ့ဖူးသော်လည်းယခုအခါ၌ မိမိ တို့ခံယူယုံကြည်သည့်ဘာသာတရားတော်ကို အကြွင်းမဲ့လိုက်နာကျင့်သုံးကြသည့်အတွက် ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။- အခန်းကိုကြည့်ပါ။ |
ရောမမြို့သားညီအစ်ကိုတို့သည် ငါတို့လာကြောင်းကို ကြားသိလျှင်၊ ခရီးဦးကြိုပြုအံ့သောငှာ အချို့တို့သည် အပ္ပိဈေးတိုင်အောင်လည်းကောင်း၊ အချို့တို့သည် သုံးဇရပ်တိုင်အောင်လည်းကောင်း လာကြ၏။ ပေါလုသည် ထိုသူတို့ကို မြင်လျှင်၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်သက်သာခြင်းသို့ ရောက်လေ၏။
တစ်ပါးအမျိုးသားတို့သည် စကားအားဖြင့်လည်းကောင်း၊ အကျင့်အားဖြင့်လည်းကောင်း၊ နားထောင်စေခြင်းငှာ၊ ခရစ်တော်သည် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးကို ပြ၍၊ ငါ့အားဖြင့် ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။ ထိုကျေးဇူးတော်ကို အမှီပြုလျက်၊ ငါသည် ယေရုရှလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလိတရားကို အကုန်အစင် ဟောပြောခဲ့ပြီ။-
လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့၏ ကျမ်းစာများလာသည်နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း ထိုသူတို့အား ဖော်ပြရသော နက်နဲရာကိုဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသော ဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ်၏အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှာ တတ်နိုင်တော်မူသောအရှင်၊-