ရောမဩဝါဒစာ 5:1 - Judson Bible in Zawgyi Version1 ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်1 ထို့ကြောင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသောငါတို့သည် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကိုရရှိကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version1 ငါတို့သည်ယုံကြည်ခြင်းဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံမှုရရှိပြီးဖြစ်သော ကြောင့် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ငြိမ်သက်ခြင်းကို ခံစားရကြ၏။- အခန်းကိုကြည့်ပါ။ |
သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကိုအမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်စေခြင်းငှာ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ်ထားတော်မူသော သင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါအဝင်ဖြစ်ကြ၏။
ယေရုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသော တစ်ပါး အမျိုးသားမဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ၊ ငါတို့ပင် ယေရှုခရစ်ကို ယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။-