Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 2:26 - Judson Bible in Zawgyi Version

26 ထို​မှ​တစ်​ပါး၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည် တ​ရား၌​ပါ​သော​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ထို​သူ၏ အ​ရေ​ဖျား​မ​လှီး​ဘဲ​အ​ဖြစ်​ကို အ​ရေ​ဖျား​လှီး​ခြင်း​အ​ဖြစ်​ကဲ့​သို့ မှတ်​ရ​သည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

26 ထို့ကြောင့် အရေဖျား​မ​လှီး​သော​သူ​သည် ပညတ်​တရား​၏​ပြဋ္ဌာန်း​ချက်​များ​ကို စောင့်ထိန်း​လျှင် သူ​၏​အရေဖျား​မ​လှီး​ခြင်း​သည် အရေဖျား​လှီး​ခြင်း​အဖြစ် သတ်မှတ်​ခြင်း​ခံရ​မည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

26 အ​ကယ်​၍​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​မ​ခံ​သူ လူ​မျိုး​ခြား​တစ်​ယောက်​သည် ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​ချက်​များ​ကို​ထိန်း​သိမ်း​လိုက်​လျှောက် ပါ​မူ ထို​သူ​အား​ဘု​ရား​သ​ခင်​သည်​အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​သူ​ကဲ့​သို့​မှတ်​ယူ​တော်​မူ မည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 2:26
16 ပူးပေါင်းရင်းမြစ်များ  

အို မိန်း​မ၊ သင်​သည် ယုံ​ကြည်​အား​ကြီး​လှ​ပြီ။ သင့်​အ​လို​ရှိ​သည်​အ​တိုင်း သင်၌​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။ ထို​အ​ချိန်​မှ​စ၍ ထို​မိန်း​မ၏​သ​မီး​သည် ကျန်း​မာ​ပ​က​တိ​ဖြစ်​လေ၏။


သင်​သည် ပ​ညတ်​တ​ရား​ကို ကျင့်​လျှင်၊ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် အ​ကျိုး​ရှိ၏။ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​လျှင်၊ သင်၏​အ​ရေ​ဖျား​လှီး​ခြင်း​သည် အ​ရေ​ဖျား​မ​လှီး​ဘဲ ဖြစ်​ပြန်၏။-


အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​သည်​လည်း ကိုယ်​အ​လို​အ​လျောက် ပ​ညတ်​တ​ရား​ကို ကျင့်​လျှင်၊ ကျမ်း​စာ​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ရှိ​လျက်​ပင် ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​သင်​ကို တ​ရား​တွေ့၍ အ​ရှုံး​ခံ​စေ​မည်​မ​ဟုတ်​လော။-


အ​ကြောင်း​မူ​ကား၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​နှင့် မ​ခံ​သော​သူ​နှစ်​ဦး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ၌​တည်​စေ​တော်​မူ​သော ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။-


အ​ကြောင်း​မူ​ကား၊ ဇာ​တိ​ပ​က​တိ​အ​တိုင်း​မ​ကျင့်၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​သော​ငါ​တို့​သည်၊ တ​ရား၌​ပါ​သော ပ​ညတ်​တို့​ကို စောင့်​ရှောက်​မည်​အ​ကြောင်း​တည်း။-


အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ။ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ သ​တ္တ​ဝါ​သစ်​ဖြစ်​ခြင်း​သာ အ​ကျိုး​ရှိ၏။-


ထို​ကြောင့်၊ လက်​ဖြင့် ကိုယ်​ကာ​ယ၌​ပြု​သော ဝေါ​ဟာ​ရ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့ ခေါ်​ဝေါ် သော​အား​ဖြင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​ဟူ၍ ခေါ်​ဝေါ်​ကြ​သော သာ​သ​နာ​ပ​လူ​တို့​အ​ထဲ၌ သင်​တို့​သည် အ​ထက်​က ပ​က​တိ​အ​တိုင်း ဖြစ်​ကြ​သည်​ကို​လည်း​ကောင်း၊-


ငါ​တို့​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်၍၊ ဇာ​တိ၌​ကိုး​စား​ခြင်း​မ​ရှိ​ဘဲ၊ ယေ​ရှု​ခ​ရစ်၌​သာ ဝါ​ကြွား​ဝမ်း​မြောက်​သော​သူ​ဖြစ်၍၊ မှန်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​ဖြစ်​ကြ၏။-


ခ​ရစ်​တော်၏ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် ဇာ​တိ​ပ​က​တိ​အ​ပြစ်၏ ကိုယ်​ကို​ပယ်​ရှင်း၍၊ လက်​ဖြင့်​မ​လုပ်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ထို​သ​ခင်၌ သင်​တို့​သည် ခံ​ကြ​သည်​ဖြစ်၍၊-


ထို​ပြည်​မှ​ထွက်​လာ​သော သူ​အ​ပေါင်း​တို့​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို ခံ​နှင့်​ကြ​ပြီ။ တော၌ ခ​ရီး​သွား​ရာ​တွင် ဖွား​မြင်​သော​သူ​အ​ပေါင်း​တို့​မူ​ကား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို မ​ခံ​ရ​ကြ​သေး။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ