Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 2:24 - Judson Bible in Zawgyi Version

24 အ​ကြောင်း​မူ​ကား၊ ကျမ်း​စာ၌ လာ​သည်​နှင့်​အ​ညီ၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​တို့​အ​ကျင့်​ကို ထောက်၍ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ကဲ့​ရဲ့​တတ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

24 ဤသည်ကား “ဘုရားသခင်​၏​နာမ​တော်​သည် သင်​တို့​ကြောင့် လူမျိုးခြား​တို့​တွင် စော်ကား​ပြောဆို​ခြင်း​ကို​ခံရ​လျက်​ရှိ​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

24 ကျမ်း​စာ​တော်​တွင်``ယု​ဒ​အ​မျိုး​သား​တို့​ကြောင့် လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​ကဲ့​ရဲ့​ကြ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 2:24
11 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ကိုယ်​တော်​သည် ထို​သို့​ပြစ်​မှား​သော​အား​ဖြင့်၊ ကဲ့​ရဲ့​စ​ရာ​အ​ခွင့်​ကြီး​ကို ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​အား​ပေး​သော​ကြောင့်၊ ယ​ခု​မြင်​သော​သား​သည် ဆက်​ဆက်​သေ​ရ​မည်​ဟု ဒါ​ဝိဒ်​အား​လျှောက်​ဆို​ပြီး​လျှင်၊


ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို အ​ကြောင်း​မ​ရှိ​ဘဲ ယူ​သွား၍၊ အ​စိုး​ရ​သော​သူ​တို့​သည် ဝါ​ကြွား​လျက် ငါ့​နာ​မ​ကို နေ့​တိုင်း​ကဲ့​ရဲ့​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း။


သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ကို​အ​ထပ်​ထပ်​ပြစ်​မှား၍ ရှုတ်​ချ​ကြ​သည်​တ​ကား။


မှား​ယွင်း​စ​ရာ​အ​ကြောင်း​များ ရှိ​သော​ကြောင့် လော​ကီ​သား​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ မှား​ယွင်း​စ​ရာ​အ​ကြောင်း ရှိ​ရ​မည်။ သို့​သော်​လည်း မှား​ယွင်း​စ​ရာ​အ​ကြောင်း​ကို ဖြစ်​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။-


ထို​ကြောင့်၊ အ​သက်​အ​ရွယ်​နု​ပျို​သော မု​ဆိုး​မ​တို့​သည် အိမ်​သင့်​ခြင်း၊ သား​ဖွား​ခြင်း၊ အိမ်​မှု​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကဲ့​ရဲ့​စ​ရာ​အ​ခွင့်​ကို ရန်​သူ​အား မ​ပေး​ဘဲ​နေ​ခြင်း အ​မှု​များ​ကို ပြု​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-


ဘု​ရား​သ​ခင်၏ နာ​မ​တော်​နှင့်​တ​ရား​တော်​သည် ကဲ့​ရဲ့​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ အ​စေ​ခံ​ကျွန် မည်​သည်​ကား၊ မိ​မိ​သ​ခင်​ကို အ​လွန်​ရို​သေ​ထိုက်​သော​သူ ဟူ၍ မှတ်​စေ။-


ဣ​နြေ္ဒ​စောင့်​သော​သူ၊ စင်​ကြယ်​သော​သူ၊ မိ​မိ​အိမ်​ကို​ပြု​စု​သော​သူ၊ ကောင်း​မွန်​သော​သူ၊ ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​သော​သူ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သက်​ကြီး​ရင့်​သော​မိန်း​မ​တို့​သည် ဆုံး​မ​ပေး​ရ​ကြ​မည်​အ​ကြောင်း၊-


အ​ပြစ်​တင်​ဖွယ်​မ​ရှိ၊ စင်​ကြယ်​သော​တ​ရား​စ​ကား​ကို ဟော​ပြော​ခြင်း​တို့​ကို ပြု​လော့။ သို့​ဖြစ်၍၊ တစ်​ဖက်၌ နေ​သော​သူ​သည်၊ ငါ​တို့​ကို ကဲ့​ရဲ့​စ​ရာ​အ​ခွင့် မ​ရ​နိုင်​သော​ကြောင့်၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​လိမ့်​မည်။


သူ​တို့​ညစ်​ညူး​သော အ​ကျင့်​ဓ​လေ့​တို့​ကို အ​များ​သော​သူ​တို့​သည် လိုက်​သော​အား​ဖြင့် သ​မ္မာ​တ​ရား​လမ်း အ​သ​ရေ​သည် ပျက်​စီး​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ