Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 16:1 - Judson Bible in Zawgyi Version

1 ကင်​ခြေ​မြို့​အ​သင်း​တော်၌ သင်း​ထောက်​မိန်း​မ​ဖြစ်​သော ငါ​တို့​နှ​မ​ဖိ​ဗေ​ကို သင်​တို့​ထံ​သို့ ငါ​သွင်း​ပေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

1 ကင်ခြေ​မြို့​ရှိ​အသင်းတော်​၏​အမှု​ကို​ဆောင်ရွက်​သူ​ဖြစ်​သော ငါ​တို့​၏​နှမ ဖိဗေ​ကို သင်​တို့​ထံ မိတ်ဆက်​အပ်နှံ​လို​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

1 ကင်​ခြေ​မြို့​အ​သင်း​တော်​တွင်​ကူ​ညီ​မ​စ​သူ၊ ငါ တို့​၏​ညီ​မ​ဖြစ်​သူ​ဖိ​ဗေ​၏​အ​ကြောင်း​ကို​ငါ ထောက်​ခံ​ပြော​ဆို​လို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 16:1
10 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​အ​ဘ၏​အ​လို​တော်​ကို ဆောင်​သော​သူ​သည် ငါ့​ညီ၊ ငါ့​နှ​မ၊ ငါ့​အ​မိ ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။


ထို​သူ​သည် အ​ဆ​တ​ရာ​သော အ​ကျိုး​တည်း​ဟူ​သော ယ​ခု​ကာ​လ၌ ညှဉ်း​ဆဲ​ခြင်း​နှင့်​တ​ကွ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ အ​မိ၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း၊ နောင်​ဘ​ဝ၌ ထာ​ဝ​ရ​အ​သက်​ကို​လည်း​ကောင်း ခံ​ရ​လ​တ္တံ့။-


ဟေ​ရုဒ်​မင်း၏​စား​တော်​ကဲ ခု​ဇ၏​မ​ယား​ယော​ဟ​န္န​နှင့် ရှု​ရှ​န္န​မှ​စ၍ မိ​မိ​ဥ​စ္စာ​ကို​လှူ၍ ကိုယ်​တော်​ကို လုပ်​ကျွေး​သော အ​ခြား​မိန်း​မ​အ​များ ပါ​ကြ၏။


ထို​နောက်​မှ​ပေါ​လု​သည် တာ​ရှည်​စွာ​နေ​ပြီး​မှ ညီ​အစ်​ကို​တို့​ကို အ​ခွင့်​တောင်း၍ ထို​မြို့​မှ​ထွက်​သွား၏။ အ​ထက်​က သ​စ္စာ​က​တိ​ပြု​သည်​နှင့်​အ​ညီ ကင်​ခြေ​မြို့၌ ခေါင်း​ရိတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ခေါ်၍ ရှု​ရိ​ပြည်​သို့ သင်္ဘော​နှင့် လွှင့်​လေ၏။-


ငါ​တို့​သည် တစ်​ဖန် ကိုယ်​ကို​ကိုယ် ချီး​မွမ်း​ကြ​သ​လော။ သို့​မ​ဟုတ် ချီး​မွမ်း​သော​စာ​ကို သင်​တို့​ထံ​သို့ သူ​တစ်​ပါး ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် သူ​တစ်​ပါး​ထံ​သို့ ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​သည် အ​ချို့​သော​သူ​ကဲ့​သို့ အ​လို​ရှိ​ကြ​သ​လော။-


အ​သက်​ကြီး​သော​မိန်း​မ​တို့​ကို အ​မိ​ကဲ့​သို့​လည်း​ကောင်း၊ မိန်း​မ​ပျို​တို့​ကို အ​လွန်​စင်​ကြယ်​သော အ​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ နှ​မ​ကဲ့​သို့​လည်း​ကောင်း မှတ်၍ ကျင့်​လော့။-


ငါ​တို့​ချစ်​သော​နှ​မ အ​ပ္ပိ၊ ငါ​တို့​စစ်​သူ​ရဲ​ချင်း အာ​ခိ​ပ္ပု​မှ​စ၍ သင်၏​အိမ်၌​ရှိ​သော အ​သင်း​တော်​ကို ကြား​လိုက်​ပါ၏။-


ညီ​အစ်​ကို​နှ​မ​တို့​သည် အ​ဝတ်​အ​ချည်း​စည်း​ရှိ၍၊ နေ့​တိုင်း စား​ရ​သော​အ​စာ​မ​ရှိ​သော​အ​ခါ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ