Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 1:32 - Judson Bible in Zawgyi Version

32 ထို​သို့ ကျင့်​သော​သူ​တို့​သည် သေ​ပြစ်​ကို​ခံ​ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​လျက်​ပင် ကိုယ်​တိုင်​ကျင့်​သည်​သာ​မ​က၊ ထို​သို့​ကျင့်​သော​သူ​တို့၌ အား​ရ​ဝမ်း​မြောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

32 ဤ​အရာ​များ​ကို​ပြုကျင့်​သော​သူ​တို့​သည် သေဒဏ်​ခံ​ထိုက်​၏​ဟူသော​ဘုရားသခင်​၏​ပြဋ္ဌာန်း​ချက်​ကို သူ​တို့​သိ​လျက်​နှင့်​ပင် သူ​တို့​ကိုယ်တိုင်​ပြု​ကြ​သည်​သာမက ထိုသို့​ပြုကျင့်​သော​သူ​များ​ကို​လည်း သဘောတူ​ထောက်ခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

32 ဤ​သို့​သော​အ​ကျင့်​ရှိ​သူ​တို့​သည်​သေ​ဒဏ်​ခံ ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​ချက်​ကို​ထို သူ​တို့​သိ​လျက်​ပင် မိ​မိ​တို့​ကိုယ်​တိုင်​ဤ​အ​မှု များ​ကို​ဆက်​လက်​၍​ပြု​ကျင့်​ကြ​သည်​သာ မ​က၊ ဤ​သို့​ပြု​ကျင့်​ကြ​သူ​များ​ကို​လည်း အား​ပေး​အား​မြှောက်​ပြု​ကြ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 1:32
14 ပူးပေါင်းရင်းမြစ်များ  

သင်​သည် သူ​ခိုး​ကို​မြင်​လျှင်၊ သူ​နှင့် သ​ဘော​တူ​တတ်၏။ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​တို့​နှင့် ဆက်​ဆံ​တတ်၏။


တ​ရား​ကို​ဖျက်​သော​သူ​သည် မ​တ​ရား​သော​သူ​တို့​ကို ချီး​မွမ်း​တတ်၏။ တ​ရား​ကို​စောင့်​သော​သူ​မူ​ကား၊ သူ​တို့​နှင့် ဆန့်​ကျင်​ဘက် ပြု​တတ်၏။


ဆိုး​ညစ်​သော အ​မှု​အား​ဖြင့် ရှင်​ဘု​ရင်​ကို​လည်း​ကောင်း၊ မု​သား​စ​ကား​အား​ဖြင့် မင်း​များ​ကို​လည်း​ကောင်း ဝမ်း​မြောက်​စေ​ကြ၏။


အ​ကယ်​စင်​စစ် သင်​တို့​သည် ဘိုး​ဘေး​တို့၏ အ​ပြု​အ​မူ​ကို လက်​ခံ​ကြ၏။ ဘိုး​ဘေး​တို့​သည် ပ​ရော​ဖက်​များ​ကို သတ်​ကြ​ပြီ။ သင်​တို့​မူ​ကား၊ သင်္ချိုင်း​တို့​ကို တည်​လုပ်​ကြ၏။


ကိုယ်​တော်၏ သက်​သေ​ခံ​ဖြစ်​သော သ​တေ​ဖန်၏ အ​သွေး​ကို သွန်း​သော​အ​ခါ အ​ကျွန်ုပ်​သည် အ​နား၌​နေ​လျက်၊ ကွပ်​မျက်​ခြင်း​အ​မှု​ကို ဝန်​ခံ၍၊ ကွပ်​မျက်​သော သူ​တို့၏​အ​ဝတ်​ကို စောင့်​နေ​ပါ၏​ဟု၊-


ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ပြင်း​စွာ​သော​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် တ​မန်​တော်​တို့​မှ​တစ်​ပါး သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့၌ အ​နှံ့​အ​ပြား ကွဲ​ပြား​ကြ၏။-


သ​မ္မာ​တ​ရား​ကို​အ​ဓ​မ္မ​ဖြင့် ဆီး​တား​နှိပ်​စက်​သော​သူ​တို့ ပြု​တတ်​သော ဘု​ရား​မဲ့​နေ​ခြင်း​အ​မှု၊ တ​ရား​ကို လွန်​ကျူး​ခြင်း အ​မှု​အ​မျိုး​မျိုး​တို့ တစ်​ဖက်၌ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ကောင်း​ကင်​မှ ထင်​ရှား​လျက်​ရှိ၏။-


အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​လျက်​ပင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သင့်​သည်​အ​တိုင်း မ​ချီး​မွမ်း၊ ကျေး​ဇူး​တော်​ကို​လည်း မ​သိ​မ​မှတ်၊ အ​ချည်း​နှီး​တွေး​ဆ​ခြင်း၊ သ​တိ​မ​ရှိ​သော​စိတ်​နှ​လုံး​မိုက်​မဲ​ခြင်း​သို့ ရောက်​ကြ၏။-


ယ​ခု သင်​တို့​ရှက်​ကြောက်​သော ထို​အ​ကျင့်​တို့​ကို ကျင့်​စဉ်​အ​ခါ၊ အ​ဘယ်​အ​ကျိုး​ကို ရ​ကြ​သ​နည်း။ ထို​သို့​သော​အ​ကျင့်​သည် သေ​ခြင်း၌ လမ်း​ဆုံး​သ​တည်း။-


အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။


တ​ရား​ရှုံး​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း၊ မု​သား​စ​ကား​ကို ယုံ​စိမ့်​သော​ငှာ၊ မိ​စ္ဆာ​ဒိ​ဌိ​ပြု​ပြင် အား​ထုတ်​ခြင်း​အ​ခွင့်​ကို သူ​တို့၌ ဘု​ရား​သ​ခင် လွှတ်​တော်​မူ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ