Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 1:29 - Judson Bible in Zawgyi Version

29 သူ​တို့​သည်​အ​လုံး​စုံ​သော အ​ဓ​မ္မ​ကျင့်​ခြင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​ခြင်း၊ ဆိုး​ညစ်​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ ရန်​တွေ့​ခြင်း၊ လှည့်​ဖြား​ခြင်း၊ သူ​တစ်​ပါး​ကို မြင်​ပြင်း​ခြင်း​တို့​နှင့် ပြည့်​စုံ​သော​သူ၊ ချော​စား​သော​သူ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

29 သူ​တို့​သည် အလုံးစုံ​သော မတရားမှု၊ ဆိုးညစ်​မှု၊ လောဘ​လွန်ကျူး​မှု​နှင့် မကောင်းမှု​တို့​ဖြင့် ပြည့်ဝ​လျက်​ရှိ​ကြ​ပြီး မလိုမုန်းထား​ခြင်း၊ လူ​သတ်​ခြင်း၊ ပဋိပက္ခ​ဖြစ်​ခြင်း၊ စဉ်းလဲ​ခြင်း၊ ရန်ငြိုး​ဖွဲ့​ခြင်း​တို့​ဖြင့် ပြည့်နှက်​ကြ​ကာ အတင်းအဖျင်း​ပြောဆို​သော​သူ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

29 သူ​တို့​သည်​အ​မျိုး​မျိုး​သော​ဆိုး​ယုတ်​မိုက်​မဲ ခြင်း၊ ညစ်​ညမ်း​ခြင်း၊ လော​ဘ​တပ်​မက်​ခြင်း၊ အ​ကျင့်​ပျက်​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သက် ကို​သတ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ လှည့်​ဖြား​ခြင်း၊ ရန် ငြိုး​ဖွဲ့​ခြင်း​စ​သည့်​အ​ပြစ်​များ​ကို​ကူး​လွန် ကြ​၏။ သူ​တို့​သည်​ကုန်း​ချော​ပြော​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 1:29
8 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​မုန်း​သော သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​ရန်​ဘက်​ပြု၍၊ တစ်​ယောက်​နှင့်​တစ်​ယောက် တိုး​တိုး​ပြော​လျက်၊ ငါ၌​မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​တတ်​ကြ၏။


သ​ဘော​ကောက်​သော​သူ​သည် ရန်​မျိုး​စေ့​ကို ကြဲ​တတ်၏။ ကုန်း​တိုက်​သော​သူ​သည်​လည်း၊ မိတ်​ဆွေ​တို့​ကို ကွဲ​ပြား​စေ​တတ်၏။


ထင်း​မ​ရှိ​လျှင် မီး​သေ​တတ်​သ​ကဲ့​သို့ ကုန်း​တိုက်​သော​သူ​မ​ရှိ​လျှင် ရန်​ငြိမ်း​တတ်၏။


ငါ​ပ​ညတ်​သည်​ကား၊ မှား​ယွင်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး အ​ခြား​သော​အ​ကြောင်း​ဖြင့် မိ​မိ​မ​ယား​နှင့် ကွာ​သော​သူ​သည် မိ​မိ​မ​ယား​ကို မှား​ယွင်း​စေ၏။ ကွာ​သော​မိန်း​မ​နှင့် စုံ​ဖက်​ခြင်း​ကို ပြု​သော​သူ​သည်​လည်း သူ့​မ​ယား​ကို ပြစ်​မှား၏။-


ကျမ်း​စာ​လာ​သည်​ကား၊ ဖြောင့်​မတ်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။-


ငါ​ရောက်​လာ​သော​အ​ခါ၊ သင်​တို့​သည် ငါ​နှစ်​သက်​သော​သူ မ​ဖြစ်၊ ငါ​သည်​လည်း သင်​တို့ မ​နှစ်​သက်​သော​သူ ဖြစ်​မည်​ဟူ၍​လည်း​ကောင်း၊ သင်​တို့၌ ရန်​တွေ့​ခြင်း၊ ဂုဏ်​ပြိုင်​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ ငြင်း​ခုံ​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ ချော​စား​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း၊ အ​ချင်း​ချင်း​အ​မှု​လုပ်​ခြင်း ဖြစ်​မည်​ဟူ​လည်း​ကောင်း၊-


ထို​နည်း​တူ၊ မိန်း​မ​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​မည်။ ချော​စား​တတ်​သော​သူ မ​ဟုတ်။ သ​မ္မာ​သ​တိ​ရှိ​သော​သူ၊ အ​ရာ​ရာ၌ သ​စ္စာ​ရှိ​သော​သူ ဖြစ်​ရ​ကြ​မည်။-


အ​ကြောင်း​မူ​ကား၊ အ​ထက်​က ငါ​တို့​သည် ပ​ညာ​မဲ့​သော​သူ၊ နား​မ​ထောင်​သော​သူ၊ မှား​ယွင်း​သော​သူ၊ အ​ထူး​ထူး​အ​ပြား​ပြား​သော တပ်​မက်​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း အ​မှု​တို့​ကို ဆောင်​ရွက်​သော​သူ၊ မ​နာ​လို​ခြင်း၊ ငြူ​စူ​ခြင်း၌ ကျင်​လည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ အ​ချင်း​ချင်း​မုန်း​သော​သူ ဖြစ်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ