Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 1:27 - Judson Bible in Zawgyi Version

27 ထို​အ​တူ၊ ယောက်ျား​တို့​သည်​လည်း မိန်း​မ​နှင့် ဆက်​ဆံ​ခြင်း ပ​က​တိ​ထုံး​စံ​ကို​စွန့်၍ အ​ချင်း​ချင်း ကိ​လေ​သာ​စိတ်​ပူ​လောင်​သ​ဖြင့်၊ ရှက်​ကြောက်​ဖွယ်​သော​အ​မှု​ကို ယောက်ျား​ချင်း​ပြု​လျက်၊ မိ​မိ​တို့ မှား​ယွင်း​ခြင်း​နှင့်​အ​လျောက် မိ​မိ​တို့​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

27 ထိုနည်းတူ ယောက်ျား​တို့​သည်​လည်း မိန်းမ​နှင့်​သဘာဝ​နှင့်​လျော်ညီ​သော​ဆက်ဆံ​မှု​ကို​စွန့်​၍ သူ​တို့​အချင်းချင်း​ရာဂ​မီး​တောက်လောင်​စေ​လျက် ရှက်ဖွယ်​ကောင်း​သော​အမှု​ကို ယောက်ျား​အချင်းချင်း​ပြု​ကြ​သဖြင့် သူ​တို့​၏​မှားယွင်း​ခြင်း​နှင့်​ထိုက်သင့်​သော​အပြစ်ဒဏ်​ကို သူ​တို့​ကိုယ်တိုင်​ခံရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

27 ထို​နည်း​တူ​စွာ​ယောကျာ်း​တို့​သည်​လည်း မိန်း​မ များ​နှင့်​ဓမ္မ​တာ​ထုံး​စံ​အ​တိုင်း​ဆက်​ဆံ​မှု​ကို မ​ပြု​ဘဲ ယောကျာ်း​အ​ချင်း​ချင်း​ရာ​ဂ​မီး​တောက် လောင်​လျက်​ရှိ​ကြ​၏။ ယောကျာ်း​တို့​သည်​အ​ချင်း ချင်း​အား​ရှက်​ကြောက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု ကြ​သ​ဖြင့် မိ​မိ​တို့​ဆိုး​ညစ်​သော​အ​ကျင့် အ​တွက်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 1:27
5 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​နှင့် ပေါင်း​ဖော်​သ​ကဲ့​သို့ ယောက်ျား​ချင်း​မ​ပေါင်း​ဖော်​ရ။ ရွံ​ရှာ​ဖွယ်​အ​မှု​ဖြစ်၏။


မိန်း​မ​နှင့်​ပေါင်း​ဖော်​သ​ကဲ့​သို့ ယောက်ျား​ခြင်း​ပေါင်း​ဖော်​လျှင် ထို​သူ​နှစ်​ယောက်​တို့​သည်၊ ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို​ပြု​သော​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​ထိုက်​သော​အ​ပြစ်​ရှိ၏။


မ​တ​ရား​သော​သူ​တို့​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။ အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ ယောက်ျား​ချင်း မေ​ထုန်​ကို​ပြု​သော​သူ၊ ထို​အ​မှု​ကို​ခံ​သော​သူ၊-


ထို​နည်း​တူ၊ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ ပတ်​ဝန်း​ကျင်၌​ရှိ​သော မြို့​တို့​သည်၊ အ​ထက်​က ဆို​ခဲ့​ပြီး​သော လူ​ဆိုး​ကဲ့​သို့ မ​တ​ရား​သော မေ​ထုန်​ကို​အ​လွန်​ပြု၍ ကိုယ်​ခင်​ပွန်း​မ​ဟုတ်​သော သူ​တို့​နှင့် မှား​ယွင်း​ခြင်း​အ​မှု၌ ကျင်​လည်​သော​ကြောင့်၊ ထာ​ဝ​ရ​မီး​နှင့် ကျွမ်း​လောင်​ခြင်း​ဒဏ်​ကို ခံ​ရ၍ ပုံ​သက်​သေ​ထင်​ရှား​လျက် ရှိ​ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ