ရောမဩဝါဒစာ 1:23 - Judson Bible in Zawgyi Version23 မဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖောက်ပြန်ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်23 ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသော ဘုရားသခင်၏ဘုန်းအသရေတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ကျေးငှက်၊ ခြေလေးချောင်းသတ္တဝါနှင့် တွားသွားသတ္တဝါတို့၏သဏ္ဌာန်နှင့်တူသော ရုပ်တုဖြင့် လဲလှယ်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version23 သေခြင်းတရားကင်းသည့်ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မည့်အစားသေမျိုးဖြစ်သည့် လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ သို့မဟုတ်တွား တတ်သောသတ္တဝါ၏ပုံသဏ္ဌာန်ကိုဆောင်သော ရုပ်တုများကိုကိုးကွယ်ဝတ်ပြုကြလေ သည်။ အခန်းကိုကြည့်ပါ။ |
အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။
ထိုဘေးဒဏ်ကြောင့် မသေဘဲ ကြွင်းသောလူတို့သည် နတ်တို့ကိုလည်းကောင်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကိုလည်းကောင်း မကိုးကွယ်ဘဲ နေခြင်းငှာ၊ ကိုယ်လက်နှင့် လုပ်သော အရာများကို နောင်တမရဘဲနေကြ၏။-