Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမဩဝါဒစာ 1:19 - Judson Bible in Zawgyi Version

19 အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သိ​အပ်​သော ဘု​ရား​သ​ခင်၏ အ​ကြောင်း​အ​ရာ​တို့​သည် သူ​တို့​တွင် ထင်​ရှား​လျက်​ရှိ၏။ ဘု​ရား​သ​ခင်​သည် သူ​တို့​အား ပြ​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

19 အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မိမိ​နှင့်​ပတ်သက်၍ သိ​အပ်​သော​အရာ​တို့​ကို သူ​တို့​အား​ထင်ရှား​စေ​တော်မူ​ပြီ​ဖြစ်၍ ထို​အရာ​တို့​သည် သူ​တို့​၌ ထင်ရှား​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

19 ထို​သူ​တို့​အား​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​သ​ဖြင့် ကိုယ်​တော် ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​သိ​နိုင်​ခွင့်​ရှိ​သ​မျှ သော​အ​ကြောင်း​အ​ရာ​တို့​ကို​ရှင်း​လင်း​စွာ​သိ​ရ ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမဩဝါဒစာ 1:19
9 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် မ​သိ​ကြ​သ​လော။ မ​ကြား​ကြ​သ​လော။ ရှေ့​ဦး​စွာ​မှ​စ၍ သင်​တို့​အား မ​ဖော်​မ​ပြ​သ​လော။ မြေ​ကြီး​တည်​သည် အ​ကြောင်း​ကို နား​မ​လည်​ကြ​သ​လော။


အ​ထက်​သို့ မျှော်​ကြည့်​ကြ​လော့။ ထို​အ​ရာ​တို့​ကို အ​ဘယ်​သူ ဖန်​ဆင်း​သ​နည်း။ ထို​သူ​သည် သူ​တို့​အ​လုံး​အ​ရင်း​ကို အ​ရေ​အ​တွက်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ၏။ အ​လုံး​စုံ​တို့​ကို နာ​မည်​ဖြင့်​ခေါ်​တော်​မူ၏။ ခွန်​အား​ကြီး၍ တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ခု​မျှ မ​ပေါ်​ဘဲ​မ​နေ​ရ။


ဟုတ်​မှန်​သော​အ​လင်း​မူ​ကား၊ ဤ​လော​က​သို့​ကြွ​လာ​လျက် ခပ်​သိမ်း​သော​လူ​အ​ပေါင်း​တို့​အား အ​လင်း​ကို​ပေး​သော​သူ ဖြစ်​သ​တည်း။


အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​ကို ထောက်​ရှု​သ​ဖြင့်၊ ထာ​ဝ​ရ​တန်​ခိုး​တော်​နှင့် ထာ​ဝ​ရ​အ​ဖြစ်​တော်​တည်း​ဟူ​သော မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏​အ​ရာ​တို့​သည် က​မ္ဘာ​တည်​သည်​ကာ​လ​မှ​စ၍ ထင်​ရှား​လျက်​ရှိ​ကြ၏။ ထို​ကြောင့်​သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။-


သာ​သ​နာ​ပ​လူ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို မ​သိ​ဘဲ၊ ကိုယ်​အ​လို​အ​လျောက် တ​ရား​တော်​ကို ကျင့်​သော​အ​ခါ၊ သူ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို မ​သိ​ဘဲ၊ ကိုယ်​ကျင့်​တ​ရား​ကို အ​မှီ​ပြု​သ​ဖြင့်​လည်း​ကောင်း၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ