ရောမဩဝါဒစာ 1:13 - Judson Bible in Zawgyi Version13 ညီအစ်ကိုတို့၊ ငါသည်အခြားသော တစ်ပါးအမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့ သင်တို့တွင်လည်း အကျိုးတစ်စုံတစ်ခုကိုရခြင်းငှာ၊ သင်တို့ရှိရာသို့သွားမည်ဟု အဖန်ဖန်အကြံရှိကြောင်းကို သင်တို့မသိဘဲနေစေခြင်းငှာ ငါအလိုမရှိ၊ ထိုသို့အကြံရှိသော်လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်းရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်13 ညီအစ်ကိုတို့၊ ငါသည် အခြားသောလူမျိုးခြားတို့တွင် အသီးအပွင့်ရရှိသကဲ့သို့ သင်တို့တွင်လည်း အသီးအပွင့်တစ်စုံတစ်ခုရရှိရန် သင်တို့ထံသို့လာမည်ဟု အကြိမ်ကြိမ်စီစဉ်ခဲ့သော်လည်း ယခုတိုင်အောင် တားဆီးခြင်းခံရကြောင်းကို သင်တို့မသိဘဲမနေစေလိုပါ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version13 ညီအစ်ကိုတို့၊ ယုဒလူမျိုးမဟုတ်သူလူ မျိုးခြားထံတွင်အမှုတော်ဆောင်ရာ၌ အောင် မြင်ခဲ့သည့်နည်းတူသင်တို့ထံတွင်လည်းအောင် မြင်နိုင်ရန် ငါသည်သင်တို့ထံသို့လာရန်အဖန်ဖန် ကြံစည်ခဲ့၏။ သို့သော်လည်းအကြောင်းမညီ ညွတ်သဖြင့်မလာဖြစ်ခဲ့ကြောင်းကိုသင်တို့ အားသိစေလို၏။- အခန်းကိုကြည့်ပါ။ |
ညီအစ်ကိုတို့၊ အဘယ်သို့နည်း။ သင်တို့ စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကို ရသောသူ၊ ဆုံးမဩဝါဒ စကားကို ရသောသူ၊ အခြားသော ဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကို ရသောသူ၊ အနက်ဖော်ပြရာကို ရသောသူ၊ အသီးအသီးရှိကြသည်ဖြစ်၍၊ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှာ စီရင်ကြလော့။-
သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော်ကို အကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှာ၊ သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းချမ်းသာကို ငါရ၏။-