Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဗျာဒိတ် 8:13 - Judson Bible in Zawgyi Version

13 ထို​အ​ခါ ငါ​ကြည့်​လျှင်၊ ရွှေ​လင်း​တ​တစ်​ကောင်​က၊ ကြွင်း​သေး​သော ကောင်း​ကင်​တ​မန်​သုံး​ပါး မှုတ်​လု​လ​တ္တံ့​သော တံ​ပိုး​သံ​ကြောင့် မြေ​ကြီး​သား​တို့​သည် အ​မင်္ဂ​လာ၊ အ​မင်္ဂ​လာ၊ အ​မင်္ဂ​လာ​ရှိ​ကြ၏​ဟု ကောင်း​ကင်​အ​လယ်၌ ပျံ​ဝဲ၍ ကြီး​သော​အ​သံ​နှင့် ဆို​သည်​ကို ငါ​ကြား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​မာ့​စံ​မီ​သမ္မာ​ကျမ်

13 ထို့နောက် ငါ​ကြည့်​လျှင် ကောင်းကင်​အလယ်​တွင် ပျံသန်း​နေ​သော​လင်းယုန်​တစ်​ကောင်​က “ကောင်းကင်​တမန်​သုံး​ပါး​တို့​မှုတ်​တော့မည့် ကျန်​ရှိ​သော​တံပိုးခရာ​တို့​၏​အသံ​ကြောင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​တို့​သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိ​ကြ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ဆို​သည်​ကို ငါ​ကြား​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Myanmar Common Language Zawgyi Version

13 ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ကောင်း​ကင် အ​လယ်​တွင် ပျံ​ဝဲ​လျက်​နေ​သော​လင်း​ယုန်​ငှက် တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​ငှက်​က``အ​ခြား​ကောင်း ကင်​တ​မန်​သုံး​ပါး​မှုတ်​ကြ​မည့်​တံ​ပိုး​ခ​ရာ​သံ သုံး​ချက်​ကြောင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​သတ္တ​ဝါ​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်။ အ​မင်္ဂ​လာ​ရှိ​ကြ လိမ့်​မည်။ အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်'' ဟု​အ​သံ ကျယ်​စွာ​ပြော​ဆို​နေ​သည်​ကို​ငါ​ကြား​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာဒိတ် 8:13
12 ပူးပေါင်းရင်းမြစ်များ  

တန်​ခိုး​ကြီး၍ နှုတ်​က​ပတ်​တော်​အ​သံ​ကို နား​ထောင်​လျက်၊ အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​သော ကောင်း​ကင်​တ​မန်​တော်​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး​ကြ​လော့။


ထို​စာ​လိပ်​ကို ငါ့​ရှေ့​မှာ​ဖွင့်​ဖြန့်​သော​အ​ခါ၊ တစ်​ဖက်​တစ်​ချက်၌​အ​က္ခ​ရာ​တင်၍ ငို​ကြွေး​မြည်​တမ်း​ခြင်း​အ​ချက်၊ စိတ်​မ​သာ​ညည်း​တွား​ခြင်း အ​ချက်၊ အ​မင်္ဂ​လာ​အ​ချက်​များ ပါ​သ​တည်း။


ကောင်း​ကင်​တ​မန်​များ​တို့​ကား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​မွေ​ခံ​လ​တ္တံ့​သော သူ​တို့​ကို ပြု​စု​စေ​ခြင်း​ငှာ၊ စေ​လွှတ်​တော်​မူ​သော အ​စေ​ခံ​နာမ်​ဝိ​ညာဉ် ဖြစ်​ကြ​သည် မ​ဟုတ်​လော။


ဒု​တိ​ယ​အ​မင်္ဂ​လာ လွန်​ပြီ။ တ​တိ​ယ​အ​မင်္ဂ​လာ​သည် အ​လျင်​အ​မြန် လာ​လိမ့်​မည်။


ထို​ကြောင့် ကောင်း​ကင်​နှင့် ကောင်း​ကင်​သား​တို့ ရွှင်​လန်း​ကြ​လော့။ မြေ​ကြီး​နှင့် ပင်​လယ်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ မာရ်​နတ်​သည် မိ​မိ​ကာ​လ တစ်​ခ​ဏ​သာ​ရှိ​သည်​ကို သိ၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​နှင့်​တ​ကွ သင်​တို့​ရှိ​ရာ​သို့ ဆင်း​လေ​ပြီ​ဟု ဆို​ကြ​သည်​ကို ငါ​ကြား၏။


ပ​လ္လင်​တော်​ရှေ့၌​လည်း​ကောင်း၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ​တို့ ရှေ့၌​လည်း​ကောင်း၊ သူ​တို့​သည် အ​သစ်​သော သီ​ချင်း​ကို ဆို​ကြ၏။ မြေ​ကြီး​မှ​ရွေး​နုတ်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင် မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ထို​သီ​ချင်း​ကို သင်၍​မ​ရ​နိုင်။-


မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တည်း​ဟူ​သော အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အား ထာ​ဝ​ရ​ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ရ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​က၊-


ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် နေ​ထဲ​မှာ ရပ်​လျက်​ရှိ​သည်​ကို ငါ​မြင်၏။-


သင်​သည် ငါ၏​သည်း​ခံ​ခြင်း​နှင့်​စပ်​ဆိုင်​သော နှုတ်​က​ပတ်​တ​ရား​ကို စောင့်​ရှောက်​သော​ကြောင့်၊ မြေ​ကြီး​အ​ပေါ်၌ နေ​သော​သူ​တို့​ကို စုံ​စမ်း​စေ​ခြင်း​ငှာ၊ လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ်​တို့​ကို နှံ့​ပြား​လ​တ္တံ့​သော စုံ​စမ်း​ရာ ကာ​လ​တွင်၊ သင့်​ကို ငါ​စောင့်​ရှောက်​မည်။-


ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​ကို ငါ​မြင်၏။ သူ​တို့၌ တံ​ပိုး​ခု​နစ်​လုံး​ကို ပေး၏။-


ပ​ဉ္စ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကြယ်​တစ်​လုံး​သည် ကောင်း​ကင်​က မြေ​ကြီး​ပေါ်​သို့ ကျ​သည်​ကို ငါ​မြင်၏။ သူ၌ အ​နက်​ဆုံး​သော​တွင်း၏ သော့​ကို အပ်​ပေး​သည်​ဖြစ်၍၊-


အ​မင်္ဂ​လာ​တစ်​ပါး လွန်​ပြီ။ ထို​နောက်​မှ အ​မင်္ဂ​လာ နှစ်​ပါး လာ​လေ​ဦး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ