ဗျာဒိတ် 7:10 - Judson Bible in Zawgyi Version10 သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်10 သူတို့က “ကယ်တင်ခြင်းသည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်တော်၌ရှိ၏”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 သူတို့က``ကယ်တင်ခြင်းကျေးဇူးသည်ပလ္လင် တော်ပေါ်မှာစံတော်မူသော ငါတို့ဘုရား သခင်နှင့်သိုးသူငယ်တော်ထံမှသက်ရောက် လာ၏'' ဟုကြီးသောအသံနှင့်ကြွေးကြော် ကြ၏။- အခန်းကိုကြည့်ပါ။ |
သတင်းကြားပြောကြလော့။ လူများကို အနီးသို့ခေါ်ခဲ့၍ တိုင်ပင်ကြစေ။ ဤအမှုကို ရှေးကာလမှစ၍ အဘယ်သူ ဖော်ပြသနည်း။ အထက်က အဘယ်သူ ဟောပြောသနည်း။ ငါထာဝရဘုရား ဟောပြောသည် မဟုတ်လော။ ငါမှတစ်ပါး အခြားသော ဘုရားသခင်မရှိ။ ငါသည် ဖြောင့်မတ်သောဘုရား၊ ကယ်တင်သောဘုရား ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားမရှိ။
အို ဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အို ယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။
ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညမပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။-