ဗျာဒိတ် 6:16 - Judson Bible in Zawgyi Version16 ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်16 တောင်များနှင့်ကျောက်ဆောင်များအား “ငါတို့အပေါ်သို့ပြိုကျလျက် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏မျက်နှာတော်နှင့် သိုးသငယ်တော်၏အမျက်တော်မှ ငါတို့ကိုဖုံးကွယ်ကြပါ။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version16 ထိုသူတို့ကတောင်များ၊ ကျောက်ဆောင်များ အား``ငါတို့အပေါ်သို့ပြိုကျလျက်ပလ္လင်တော် ပေါ်တွင်စံတော်မူသောအရှင်၏မျက်နှာတော် ကိုမမြင်ရစေရန်နှင့်သိုးသူငယ်တော်၏ အမျက်တော်မသင့်ကြစေရန်ငါတို့အား ဖုံးကွယ်၍ထားကြပါ။- အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက်စရာသတင်းကို ဗျာဒိတ်ထားတော်မူသည်နှင့် စပ်ဆိုင်သော ဘုရားသခင်၏ နက်နဲသောအရာသည်၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ၌ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာကိုလည်းကောင်း၊ အရပ်ရပ်၌ ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။