ဗျာဒိတ် 6:10 - Judson Bible in Zawgyi Version10 သူတို့ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင်တော်မူသောအရှင်၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေတော်မူမည်နည်းဟု ကြီးမားသောအသံနှင့် ကြွေးကြော်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်10 ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။ အခန်းကိုကြည့်ပါ။Myanmar Common Language Zawgyi Version10 ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။- အခန်းကိုကြည့်ပါ။ |
ထိုအခါ သန့်ရှင်းသူတစ်ပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတစ်ပါးက၊ ယခင်ပြောသောသူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကို နင်းခြင်းအလိုငှာ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ခြင်းနှင့်လည်းကောင်း၊ ဖျက်ဆီးတတ်သော လွန်ကျူးခြင်းနှင့်လည်းကောင်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် အဘယ်မျှကာလပတ်လုံး တည်လိမ့်မည်နည်းဟု မေးမြန်းလျှင်၊
သို့သော်လည်း၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိအယူများကို ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက်၊ မိမိအပေါ်သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။-
လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍၊ အမျက်တော်သည်လည်း ရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား လည်းကောင်း၊ သန့်ရှင်းသူတို့ အားလည်းကောင်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်တို့အားလည်းကောင်း၊ ဆုကျေးဇူးကို ပေးသနားတော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏။-
စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏ အသွေးကို သူ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။-